အပိုင်း (၂၃)

7.5K 392 30
                                    

U+Z

သော်လေးလုပ်ငန်းခွင်ဝင်မှာ လက်ခံလိုက်တဲ့ ပရောဂျက်က လုပ်ငန်းစနေပြီဖြစ်သည်။ လွန်း တခြားကိစ္စတွေ ဝင်မပါပဲ သော်လေးဆုံးဖြတ်ချက်ကို နားထောင်ပေးသည်။ သော်လေး မှားနေတယ် ထင်တာတွေကို ထောက်ပြပေးသည်။ ရှယ်ယာထည့်ထားတဲ့ ဒါရိုက်တာတွေ အားလုံးကတော့ သော်လေးနဲ့သူ လုပ်ငန်းခွင်ဝင်လာပြီးမှ ပြောင်းလဲလာမှာတွေကို စောင့်ကြည့်နေကြမှာသေချာသည်။ ကောင်းတဲ့ပြောင်းလဲခြင်းဆိုရင် လက်ခုပ်တီးကြိုဆိုမှာဖြစ်သလို မကောင်းတဲ့ပြောင်းလဲခြင်းဆိုရင် သူနဲ့သော်လေး ထပ်ရှိနေဖို့ မသေချာပေ။

"သော်လေး လာအုန်း"

"ဟုတ်"

တစ်ခါတစ်လေ ဟုတ်လို့ ပြန်ဖြေတတ်သည်။ သော်လေးက တကယ်ကို သူ့အတွက် မရိုးနိုင်တဲ့ လေ့လာမှုလေးဖြစ်သည်။ ဘယ်လိုတွေထူးလို့ထူးလို့မှန်းမသိ၊ ခေါ်လို့ခေါ်မှန်းမသိနဲ့ တစ်နေ့တစ်မျိုး မရိုးအောင်ကို ခေါ်လိုက်ထူးလိုက်လုပ်နေတာဖြစ်သည်။ အခုလည်း ဟုတ်ဆိုပြီး သူ့ဘေးကိုရောက်လာ၏။

"ဒါ‌ ကလေး လုပ်ထားတာလား"

လွန်း laptop က calendar ကိုပြလိုက်ပြီး တစ်ဖက်က ကြည့်လက်ဆဖိုင်ကိုဆက်ကြည့်နေလိုက်သည်။ အဖြေပြန်မလာတဲ့အဆုံး လွန်း သော်လေးကို လှည့်ကြည့်လိုက်သည်။ သော်လေးက သူပြထားတဲ့ calendar ကိုမကြည့်ပဲ သူ့ကိုကြည့်နေ၏။ လွန်း ပြောလိုက်တာဘာမှားသွားလည်း စဉ်းစားနေရသည်။ ကြည့်နေတာကလည်း အရင်လို ပြုံးနေတာလဲမဟုတ်ပဲ ကြက်သေသေကြည့်နေသည်။

"သော်လေး ဘာဖြစ်လို့လဲ"

"ဘေဘီ သော့်ကို ကလေးလို့ ခေါ်လိုက်တာလား"

ရုတ်တရက်ထမေးလိုက်မှ လွန်း ပြန်စဉ်းစားလိုက်ရသည်။ သူ့နှုတ်က အမှတ်တမဲ့ လွတ်ကနဲထွက်သွားတာ။ သော့်မှာ ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်နေသည်။ ချစ်ရတဲ့သူဆီက ကလေးဆိုပြီး အသံချိုချိုလေးထွက်လာတာ။ ရုတ်တရက် သူကြောင်သွားပြီး ငြိမ်နေမိတာ။ နောက်ဆုံး ချစ်ရသူလှည့်ခေါ်လိုက်မှ သတိပြန်ဝင်လာတာဖြစ်သည်။

"ဟုတ်လား သော့်ကို ကလေးလို့ ခေါ်လိုက်တာလား"

"အဟမ်း သွားသွားလုပ်စရာရှိတာ သွားလုပ်တော့"

YOU ARE MY DESSERT [Complete] U+ZNơi câu chuyện tồn tại. Hãy khám phá bây giờ