အပိုင်း (၂၄)

6.1K 352 20
                                    

U+Z
(ရန်ကုန်ထဲမှာ မုန်တိုင်းကမဆိုးပေမယ့် အားလုံးဂရုစိုက်ကြပါနော်၊ မုန်းတိုင်းလမ်းကြောင်းနဲ့နီးတဲ့ ကလေးတွေလည်း အစစအရာရာ ဂရုစိုက်ကြပါရှင်)

ပထမဆုံးလုပ်တဲ့ပရောဂျက်မှာတင် မျက်နှာပွင့်သွားတဲ့သော်လေးက ဒါရိုက်တာတွေချီကျူးရတဲ့အထိ ဖြစ်သည်။ သူကိုယ်တိုင်လည်း သော်လေးကို ချီးကျူးရသည်။ သော်လေးက ဆိုက်ကိုလည်း တစ်ပတ်ကိုတစ်ခါလောက်ကိုယ်တိုင်သွားသွားကြည့်ပြီး အရာအားလုံးကို ညွှန်ကြားနိုင်သည်။ အခုတော့ ကျောင်းအပ်ဖို့ကို သူလိုက်ပို့မှာဖြစ်ပြီး အဝေးသင်ကျောင်းတက်ဖို့ ဖြစ်သည်။

"ဘေဘီ အထဲဝင်နော်"

"အပြင်မှာပဲ စောင့်နေမယ်လေ"

"ဟာ မရပါဘူး၊ ဘေဘီလိုက်အပ်ပေး မဟုတ်ရင်မတက်ဘူး"

ကျောင်းတစ်ခါတက်ဖို့အရေးကို ကဂျီကကြောင်ကျလွန်းသည်။ ကားကိုအပြင်မှာရပ်ခဲ့ကာ ကျောင်းထဲကိုလမ်းလျှောက်ဝင်တော့ လွန်းက ပုဆိုးနဲ့ရှပ်လက်ရှည်အဖြူနဲ့ သန့်နေသည်။ ဘေးနားမှာ လူကောင်ကြီးကြီးသော်လေးပါပေမယ့် သော်လေးကို ကြည့်တဲ့သူရှိသလို လွန်းကိုလည်း ငေးကြသည်။ လွန်းကို ပိုငေးနေကြတာကများ၏။ ဒါကို သော်လေးသိသည်။ သူ့ယောက်ျားကိုထဲက ငေးချင်စရာဖြစ်နေတာကို။ ကတီပါဖိနပ်နဲ့ ပုဆိုးနဲ့ရှပ်လက်ရှည်က လွန်းကို ပိုပြီးတည်ငြိမ်စေကာ လူကြီးလူကောင်းဖြစ်စေသည်။ ဒီကြားထဲ ဆံပင်က အောက်ဖက်တွေပါးပြီး အပေါ်ကလည်း အောက်ကပါးထားတာနဲ့ညီအောင် ကြည့်ကောင်းအောင် ညှပ်ထားတော့ လွန်းရဲ့ပုံစံက ပိုပြီးလူငေးဖွယ်လေးဖြစ်နေသည်။

"လွန်းမြတ်စေရာသော်"

"အော် ဇလပ်ဖြူလား..."

"ဒီတစ်ခါတော့ မှတ်မိပြီပေါ့၊ ကျောင်းကို ကိစ္စရှိလို့လား"

ဟိုတစ်ခါ သူ့ကိုနှုတ်ဆက်ထဲက မှတ်ထားလိုက်တဲ့သူ။ ကျောင်းမှာ သူတို့ကတစ်တန်းလို့ပြောတာကြောင့် မှတ်ထားတာဖြစ်သည်။

"အင်း ကလေးကျောင်းလာအပ်တာ"

"ဟယ် နင့်ကလေးလား"

ခွီး...

နောက်ကသော်လေးက ထရယ်သည်။ သော်လေး ထရယ်တော့ ဇလပ်ဖြူက ကြောင်တောင်တောင်လေးနဲ့ကြည့်ရှာသည်။

YOU ARE MY DESSERT [Complete] U+ZWhere stories live. Discover now