1

517 32 2
                                    

📲 မောင် အခုဘယ်ရောက်နေတာလဲ ကျွန်တော် ဖုန်းဆက်နေတာကြာပြီ

📲 အပြင်မှာ

📲 အပြင်မှာဆိုတာ ဘယ်သူနဲ့လဲ ဘာလို့တနေကုန် ကျွန်တော့ကို အဆက်အသွယ်မလုပ်တာလဲမောင်

📲 ကျစ် အပြင်ရောက်နေတယ်ကွာ ပြီးရင်ဖုန်းဆက်လိုက်မယ်

📲 ဘယ်သူနဲ့လဲလို့မေးနေတယ်လေမောင်

📲 ကျစ် လှိုင်းနဲ့ကွာ လှိုင်းနဲ့တွေ့နေတာ

📲 မောင် ~~~

တီ တီ တီ

လုပ်ရက်လေချင်းလို့တွေးမိပြီး မျက်ရည်တို့ကအတိုင်းအဆမရှိကျမိတယ်....

လွန်ခဲ့တဲ့ရက်ကပဲ လှိုင်းဆိုတဲ့ကောင်လေးနဲ့အဆက်အသွယ်ဖြတ်ပါမယ်ဆိုပြီးပြောခဲ့တဲ့ မောင်က တစ်နေကုန် သံယောဇဉ်ငယ်ကို အဆက်အသွယ်ဖြတ်ပြီး သွားတွေ့တယ်တဲ့လား.....။

ချစ်ခဲ့တာ ၅နှစ်ကျော်ပြီမောင်...

သံယောဇဉ်ငယ်ရဲ့ အရာအားလုံး မောင့်အပေါ်မှာပဲမူတည်ခဲ့တာ။

မောင်တစ်ခွန်းဆိုတစ်ခွန်းနေခဲ့တဲ့ သံယောဇဉ်ငယ်က မောင့်စကားတစ်ခွန်းနဲ့ သူငယ်ချင်းရွေးပေါင်းခဲ့ရတာတွေ မောင်မသိပဲ ဘယ်မှမသွားခဲ့ရတာတွေ အိမ်ကလူတွေမောင့်အပေါ်အမြင်ကြည်အောင် လက်ခံပေးအောင် ကြိုးစားခဲ့ရတာတွေ...ဒါတွေက လွယ်လွယ်လေးလုပ်ခဲ့ရတာတွေမဟုတ်ဘူးမောင်.....။

အမြဲတမ်းရန်ဖြစ်နေတဲ့ မိဘနှစ်ပါးကြားမှာနေခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ trauma ရှိထားတဲ့ သံယောဇဉ်ငယ်က တခြားလူတွေအပေါ်မှာတော့ အေးစက်စက်နိုင်ပြီး စကားမပြောပေမဲ့ မောင့်အပေါ်မှာတော့ အားကိုးတဲ့စိတ်နဲ့ အစအစအရာရာ ရင်ဖွင့်ရင်း မောင့်ရင်ခွင်ထဲမှာပဲ နေခဲ့ချင်သူပါ...။

မောင်နဲ့စတွေ့တဲ့နှစ်က သံယောဇဉ်ငယ်က ၁၀တန်းပင်ရှိသေးတယ်....ကိုယ့်ထက် ၆နှစ်ကြီးတဲ့သူက စပြီးလာပတ်သတ်ပေမဲ့ တွဲထားတဲ့လက်တွေမြဲမြံအောင်တော့ ဒီသံယောဇဉ်ငယ်ကပဲ ထိန်းသိမ်းသွားခဲ့ရသည်လေ....။

မောင်နဲ့ချစ်ခဲ့တဲ့ နှစ်တွေမှာဆိုရင်...
အိမ်ကိစ္စတွေကြောင့်စိတ်ညစ်နေရင် မောင်ကအမြဲနှစ်သိမ့်ပေးတယ်...
အိမ်ကငွေလိုရင် မောင့်မှာရှိတာထုတ်ပေးတတ်တယ်...
မောင် ည၇နာရီ အလုပ်ကပြန်လာတိုင်း သံယောဇဉ်ငယ်ရဲ့အိမ်နဲ့မျက်စောင်းထိုးမှာရှိတဲ့ မောင့်အိမ်ရှေ့ကအုတ်ခုံလေးမှာ အတူတူထိုင်းရင်း လက်ချင်းကိုင်လို့ ည၁၁လောက်အထိစကားတွေပြောကြတယ်....၊

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now