10

40 6 2
                                    

"ကျွန်တော်ဒီလောက်ပြောထားရက်နဲ့မာမီရာ တုတ်တုတ်ရောပဲ တစ်အိမ်လုံး မတည့်တဲ့အစားအစာတွေ နံရံတွေမှာ လိုက်ကပ်ပေးထားတာတောင်မှပဲ ဟင်း"

"ဟို မာမီကြီးကနည်းနည်းလောက်စားရင် ဘာမှမဖြစ်ဘူးဆိုလို့ပါသားမဟာရယ်"

"အစားအသောက်နဲ့ပတ်သတ်ရင် မာမီကြီးစကားကိုနားမထောင်နဲ့လို့ကျွန်တော်မပြောထားဘူးလား တုတ်တုတ်ကိုယုံကြည်လို့ကျွန်တော်ကလွှတ်ပေးထားတာ အခုလိုဆီးချိုတက်ဖို့အထိမဟုတ်ဘူးနော်"

"ကဲပါနေမဟာရယ် မာမီလဲအဲလောက်ဖြစ်တာမဟုတ်ပါဘူး တုတ်တုတ်မျက်နှာကိုလဲကြည့်အုံး ဇီးရွက်လောက်ပဲရှိတော့တယ် သွား သွား တုတ်တုတ် လုပ်စရာရှိတာသွားလုပ်ချေတော့"

"ဟုတ်ကဲ့မာမီကြီး"

တုတ်တုတ်ဆိုတာ နေမဟာထက်အသက်၁၅နှစ်လောက်ပိုကြီးသောအမျိုးသမီးကြီးဖြစ်ပြီး နေမဟာတို့အိမ်ကို ၁၄နှစ်သမီးကတည်းကရောက်လာတာဖြစ်သည်...၊ သူမရောက်လာပြီးမှ နေမဟာမွေးလာသည်မို့ နေမဟာ့ရဲ့နာနီတစ်ဦးဆိုလဲမမှားပေ။
လွန်ခဲ့တဲ့၅နှစ်လောက်မှာ ပါပါးဆုံးပြီးကတည်း အပျိုကြီးဖြစ်သူတုတ်တုတ်ကို နှလုံးနဲ့ဆီးချိုရောဂါရှိတဲ့ မာမီ့အတွက်သီးသန့် အလုပ်ကျွေးပြုစေခဲ့ပြီး အနားမှာသာနေစေခဲ့သည်။

သူမလက်ထဲကြီးပြင်းလာသည့်ကလေးတစ်ယောက်မို့ နေမဟာ့ကိုဆို တခါတလေ ဆိုဆုံးမတတ်ပြီး နေမဟာစိတ်ဆိုးရင်လဲ မျက်နှာပျက်တဲ့အထိဝမ်းနည်းတတ်သည်။

"တုတ်တုတ်ကိုအရမ်းမပြောပါနဲ့သားရယ် သူ့မလဲမာမီ့ဝေယျာဝစ္စတွေလိုက်လုပ်နေတော့ တခါတလေပင်ပန်းပါတယ်"

"သားသိပါတယ်မာမီ မာမီဇွတ်ပြောလို့ တုတ်တုတ်စီစဉ်ပေးရတယ်ဆိုတာလဲသိတယ် ဒါပေမဲ့ ကျွန်တော်မသိလိုက်ခင်မှာအမှားအယွင်းဆိုတာမျိုးမဖြစ်စေချင်ဘူး ကျွန်တော့မှာမာမီပဲရှိတော့တာပါ"

"အဲဒါဆို မိန်းမမြန်မြန်ယူတော့ပါဆိုတော့လဲ ကိုယ်တော်ကမလှုပ်ဘူးလေ"

"ဘာဆိုင်လဲမာမီရာ"

"အိုး ဘယ်နှယ့်မဆိုင်ရမှာလဲ သူစိမ်းထက်စာရင် မာမီ့ဝေယျာဝစ္စလုပ်နိုင်မယ့် အလိမ္မာအိမ်ပါချွေးမလေးဆို သားလဲစိတ်ချရတယ် ဟို မာမီ့မိတ်ဆွေဒေါက်တာမီမီကျော်ဝင်းတို့သမီးဆိုရင်ရော သူလေးကလဲဒေါက်တာမလေးဆိုတော့ မာမီ့ကျန်းမာရေးအတွက်လဲကောင်း သားနဲ့လဲလိုက်ဖက်ညီ"

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now