11

37 7 3
                                    

"သူကဗျာ ကျွန်တော့အနောက်မှလဲရောက်သေးတယ် နေရာရတော့သူတဲ့တရားလား"

"အေးဟယ် ငါတို့သိသလောက် မောင်လေးမင်းမင်းကအရင်ရောက်တာပါ ဘယ်လိုဖြစ်လို့ သံယောဇဉ်ငယ်ကကုမ္ပဏီမှာနေရာတွေရပြီး လူကြီးတွေရဲ့ဦးစားပေးတာခံနေရတာလဲ ဒါနဲ့မင်းမင်း နင်တို့စီနီယာရှိုင်းထက်ကရော ဘာမှမပြောဘူးလား"

"ကိုရှိုင်းထက်ကလဲဘာပြောမှာလဲ ဆရာလင်းမောင်ကပဲစီစဉ်နေတာကို"

မင်းမင်းဆိုတာ IT department ကို သံယောဇဉ်ငယ်ထက်၅လလောက်စောရောက်ခဲ့သူ။ သို့ပေမဲ့ IT department ကိုသူဝင်လာပြီး ပေးတဲ့အလုပ်လုပ်ရတာပဲရှိတယ် သံယောဇဉ်ငယ်လို meeting မတက်ရ၊ project အကြီးတွေမကိုင်ရနဲ့ မင်းမင်းအနေနဲ့ သံယောဇဉ်ငယ်ကိုတစ်စက်ကလေးမှကြည့်မရဘူး....

အခုဆို သံယောဇဉ်ငယ်တာဝန်ယူရတဲ့ website က launch လုပ်ပြီးပြီ၊ မထင်မှတ်ထားလောက်အောင်လဲ reach ကတော်တော်ရောက်တာမို့ သံယောဇဉ်ငယ်ကို ချီးကျူးလက်ခုပ်တီးတဲ့သူကတီးကြနဲ့ မင်းမင်းကိုဆို အသိအမှတ်ပြုတဲ့သူက ဆရာလင်းမောင်နဲ့စီနီယာကိုရှိုင်းထက်သာရှိသည်...။

"ဘာမှအားမငယ်နဲ့မင်းမင်း အစ်မတို့ကလေ အရည်အချင်းရှိတဲ့သူသာကြိုဆိုတာ ဟိုလူကြီးလိုက်ကပ် ဒီလူကြီးပြေးဖားလုပ်တဲ့သူဆိုမကြိုဆိုချင်ပါဘူးနော် သူကကံကောင်းလို့ အမြဲတမ်းဝန်ထမ်းဖြစ်သွားတာ တစ်ချိန်ချိန်သူဖြုတ်ချခံရမှာပဲ"

ဘယ်လိုပဲတွေးတွေး မင်းမင်းအတွက်တရားမျှတမှုကမရှိ၊ ရုံးကအစ်မတချို့ကလဲ မင်းမင်းဘက်ကရှိကြသည်မို့ သံယောဇဉ်ငယ်ကိုဖြုတ်ချနိုင်ရန်သာ မင်းမင်းတွေးလျက်ရှိနေသည်....။

......

"ခန့်သူ"

"ဗျာ ကိုနေ"

"မင်းရဲ့သီရိနဲ့ပတ်သတ်ပြီး ငါမေးစရာရှိလို့ ငါတို့အထပ်ဆီမနှိပ်နဲ့တော့ ကန်တင်းပဲသွားရအောင်"

"လစာတိုးကိစ္စလား ကိုနေ"

ခန့်သူတို့နှစ်ယောက် အောက်က showroom တွေထဲ ရိုက်ကူးရေးအတွက် လိုအပ်သည့် ကင်မရာသွားကြည့်ပြီး ကိုယ့်အထပ်ဆီပြန်တက်ရမှာမို့ နံပါတ်မနှိပ်ခင် ကိုနေကပြေလာဖြစ်တာကြောင့် ဓာတ်လှေကားနံပါတ်ခလုတ်နှိပ်ရင်း ခန့်သူကမေးလိုက်သည်။

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now