4

86 12 1
                                    

တစ်ပတ်လောက်ကြာသည်အထိ A company ဘက်မှမဆက်သွယ်တော့ သံယောဇဉ်ငယ်လဲ နောက်အလုပ်ရှာရန်ပြင်ရတော့သည်.....ကိုဗစ်ကြောင့် သံယောဇဉ်ငယ်တို့လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေရှိသလို ကုမ္ပဏီတွေကလဲ အလုပ်ခေါ်နှုန်းနည်းနေတာမို့ လိုချင်သလိုမရ....

"ဟင်း....."

"ဘာတွေသက်ပြင်းချနေတာလဲသား"

"ဘာမှမဟုတ်ပါဘူးမေကြီးရာ အလုပ်ကမခေါ်သေးလို့ပါ"

phone screen ကိုကြည့်ရင်း နှုတ်ခမ်းစူစူနဲ့အမေကိုတိုင်သလိုပြောတဲ့သားကိုကြည့်ပြီး ဒေါ်မုဒိတာ အသဲယားစွာဖြင့် ပါးလေးကိုဆွဲကာ....

"ခေါ်မှာပေါ့သားရဲ့ သားစိတ်ထဲမှာရကိုရစေမယ်လိုသာတွေးထား"

"ဟုတ်မေကြီး ဟီး..."

သူမဟုတ်သလို ချက်ချင်းရယ်ပြလာတဲ့သားငယ်လေးဟာ အမေကိုတော့ဖြင့် စိတ်ဆင်းရဲမှာကြောက်ရှာတယ်....
မိဘတွေရဲ့အဆင်မပြေမှုကြောင့် တတ်နိုင်သမျှလိုအပ်တာဖြည့်ဆည်းပေးပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ဖြင့် ဒေါ်မုဒိတာငယ်တစ်ယောက်မတတ်နိုင်ခဲ့.....၊
အကြီးမနှစ်ယောက်ကနေတတ်ပေမဲ့ သံယောဇဉ်ငယ်လေးကတော့ အတွေးတွေများတတ်ပြီး ကွယ်ရာမှာဆိုသိပ်လဲဝမ်းနည်းတတ်ရှာတာ ဒိအမေအသိဆုံး....
သားငယ်က လမ်းထဲကကောင်လေးတစ်ယောက်နဲ့ချစ်ကြိုးသွယ်နေတာသိပြန်တော့ ဒေါ်မုဒိတာငယ်ရင်ကွဲရပြန်တယ်...
သားကိုလဲမဆူရက်သလို နဂိုထဲက လူကြောက်တတ်သလို စိတ်ပင်ပန်းစွာနေလာရတဲ့ကလေးမို့ သားတို့အခြေအနေကိုပဲစောင့်ကြည့်ရုံသာ......
တတ်နိုင်သမျှ မျက်စိအောက်မှာပဲနေခိုင်းတော့ သားငယ်ရဲ့ကောင်လေးရဲ့ ဂရုစိုက်ကြင်နာမှုတွေကို တွေ့ခဲ့ရတာမို့ အဖော်ရပါတယ်ဆိုပြီး စိတ်ချလက်ချလွှတ်ထားခဲ့မိတာ....

နှစ်တွေအကြာကြီးတွဲလာပြီးမှ ကောင်လေးက သားငယ်ကိုပစ်သွားလေတော့ ဒီအမေစိုးရိမ်ရပြန်တယ်....
လူရှေ့မှာဘာမှမဖြစ်သလိုနေနေတဲ့သားငယ်ဟာ နောက်ကွယ်မှာကြိတ်ပြီး အသဲကွဲနေတာမို့ သားငယ်ရဲ့ရှေ့မှာ ကောင်လေးရဲ့အကြောင်းတွေမပြောမိစေဖို့ အိမ်ကလူတွေကိုသတိပေးထားမိခဲ့ပါရဲ့.....။

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now