9

33 6 1
                                    

ဒီနေ့ ရုံးရောက်သည့်အခါမှာတော့ ဆရာလင်းမောင်မှ Marketing team သို့ သံယောဇဉ်ငယ်လုပ်နေရသော Project ရဲ့ demo သွားရောက်ပြသရန်ပြောလာသည်။ ဒါကြောင့်ပင် သံယောဇဉ်ငယ်အပါအဝင် ဆရာလင်းမောင်၊ ကိုရှိုင်းထက်နဲ့က်ုရီစိုးတို့ ကုမ္ပဏီရဲ့ထိပ်ဆုံးထပ်တွင်ရှိသော marketing team ဆီသို့တက်လာခဲ့ကြသည်...။

"Marketing team ကတော့အရမ်းမိုက်တာပဲ roof top ရှိတော့ ဆေးလိပ်လေးထွက်သောက်ရင်း ရန်ကုန်ရှုခင်းကိုလဲကြည့်လို့ရတယ်"

"ငါတို့ ၁၈လွှာကလဲမနိမ့်ပါဘူးရှိုင်းထက်ရယ်"

"ပိုမြင့်တော့ပိုလှတာပေါ့ဆရာရယ် ပြီးတော့လေ သူတို့ studio ကလဲအမိုက်စားနော် သံယောဇဉ်ငယ် မင်းတခါမှ မရောက်ဖူးသေးဘူးမလား"

"ဗျာ ဟုတ် မရောက်ဖူးသေးဘူးကိုရှိုင်း"

"အေး ရောက်တုန်းလိုက်ကြည့်ကြည့် marketing department နဲ့ တခြား department တွေကွာခြားချက်ကို ကိုနေမဟာက သေချာပြင်ဆင်ထားတာတွေ့ရလိမ့်မယ်"

ကိုရှိုင်းထက်ပြောသလိုပင် ဓာတ်လှေကားတံခါးဖွင့်လိုက်သည်နှင့် A Studio ဆိုသည့်ဆိုင်းဘုတ်ကို font အမိုက်စားနဲ့တန်းတွေ့ရပြီး marking team မှ creation လုပ်ထားသော billboard တွေကလဲ နံရံမှာအစီအရီ၊ နံရံကာလာတွေ decoration အပြင်အဆင်တွေကအစ နိုင်ငံခြားဆန်ဆန်နဲ့မို့ အရမ်းမိုက်တယ်လို့ဆိုရမည်။
အဲဒါကြောင့်လဲ A Co.,ltd ရဲ့ marketing team ကို join ချင်သူတွေများတာနေမည်။

A တစ်လုံးထဲဘာလို့မှည့်ထားရလဲ ဆရာလင်းအောင်ကိုမေးကြည့်တော့ ရိုးရှင်းစွာပဲ အားလုံးကိုကိုယ်စားပြုချင်တာတဲ့။
ဒီနေရာမှာ အားလုံးဟာ ကုမ္ပဏီဝန်ထမ်းတွေသာမက ကုမ္ပဏီနှင့်လက်တွဲသူ customer အားလုံးကိုပါကိုယ်စားပြုပါသည်တဲ့။

A company မှာ အလုပ်ဝင်မယ်ဆို ရာထူးအစုံအလင်ရှိတာမို့ အရည်အချင်းရှိရင်ရှိသလောက် သက်ဆိုင်ရာ department ကို ဝင် join နိုင်သလို
customer တွေအနေနဲ့ တစ်နေရာထဲမှာပဲ မိမိလိုချင်တဲ့ product တွေစိတ်ကြိုက်စမ်းသပ်ရယူနိုင်သည်။ ဒါကြောင့်မို့ First Of All ဖြစ်ဖို့ company ရှိ လူကြီးတွေကအမြဲကြိုးပမ်းနေတာပင်။

နောက်တစ်ခုထပ်သိရတာက All လို့မပေးပဲ A တစ်လုံးထဲဖြစ်သွားရသည်က ကိုနေမဟာရဲ့ idea ပါတဲ့။

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now