12

42 6 2
                                    

"ဆရာ့အနေနဲ့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်မပြောချင်ပေမဲ့ မင်းမင်းဘက်ကမှားတယ်ဆိုတာတော့သိတယ်မလား"

"ဟုတ်ကဲ့ဆရာလင်းမောင် ဟို...ကျွန်တော်ချော်လဲတဲ့နားမှာလည်း သူပဲရှိနေတာဆိုတော့ သူလုပ်တယ်ထင်ပြီး..."

"ကိစ္စတစ်ခုမှာ အကြောင်းအရာသေချာမသိပဲတစ်ဖက်လူကိုမစွပ်စွဲရဘူးမင်းမင်းရ ကဲ အခုပဲကြည့် မင်းမင်းတို့ပြသာနာတက်တာ ကန်တင်းဆိုတဲ့တစ်ရုံးလုံးလာနိုင်တဲ့နေရာ မင်းမင်းတို့ရဲ့ image တွေ ဆရာတို့ department ရဲ့ image တွေမပျက်သွားနိုင်ဘူးလား"

"ဟုတ်ကဲ့ဆရာ ကျွန်တော်မှားသွာရပါတယ်"

"မှားတာသိတာကောင်းတယ် ဒါပေမဲ့ မင်းမင်းတို့ဖြစ်သွားတာ ညီလေးနေမဟာရှေ့မှာဟုတ်တယ်မလား သူလည်း cctv တောင်းကြည့်သွားတော့ မင်းမင်းရဲ့တစ်ဖက်သတ်စွပ်စွဲချက်ကိုသိသွားမှာပဲ"

"..."

"ဆရာက ကိုယ့်ဌာနကလူတွေအကုန်လုံးကို ကိုယ့်တူကိုယ့်သားလိုပဲသဘောထားတာသိတယ်မလား သို့ပေမဲ့ လုပ်ငန်းခွင်ဆိုတာ ကိုယ့် professional ကျရာနေရာမှာပဲ တာဝန်ထမ်းဆောင်ရတာလေနော်...စာရင်းမှတ်တဲ့သူနေရာမှာ ဓာတ်ပုံရိုက်တဲ့သူသွားထိုင်လို့မရသလို ဈေးရောင်းတဲ့သူနေရာမှာ coding သွားရေးလို့မရဘူး လူတိုင်း လူတိုင်း ကိုယ့်သက်ဆိုင်ရာနေရာမှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင်ထမ်းဆောင်နေကြရတာပဲ.....ဒါနဲ့ မင်းမင်းကိုဆရာခိုင်းထားတဲ့ project ကပြီးသွားပြီလား"

"ဟို ဆရာ အဲဒါကျွန်တော်နားမလည်တဲ့အပိုင်းလေးတွေရှိနေလို့ လေ့လာနေသေးလို့ပါ"

"အင်း....အဲဒိ project က မင်းမင်းအလုပ်ထဲစဝင်ကတည်းကပေးထားတာ ဒါကလောလောဆယ်မှာခဏရပ်ထားတဲ့ project ဆိုပေမဲ့ မသုံးတော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော် အချိန်တစ်ခုထိပဲ အဲ အချိန်ကျလာပြီဆိုရင်တော့ မင်းမင်းဘက်ကအဆင်သင့်ဖြစ်နေရမှာ ဒါကလဲဆရာဟိုးအစကတည်းကပြောခဲ့ဖူးတယ်ဟုတ်တယ်မလား ဆရာ့အနေနဲ့ ကိူယ်လက်အောက်ကလူတွေအတွက် ရာထူးတိုး လစာတိုးပြောပေးဖို့ဆိုတာ သူတို့ကိုယ်တိုင်ကြိုးစားအားထုတ်ထားတာရှိနေမှပြောပေးလို့ရတာမလို့ မင်းမင်းတို့တွေဘာမှလုပ်ပြထားတာမရှိ ဘာကြိုးစားအားထုတ်မှုမှရှိမနေရင် ပြောပေးလို့မရဘူး ဟုတ်တယ်မလား"

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now