5

79 13 2
                                    

"ဘယ်လိုလဲ ဖြစ်နိုင်ရဲ့လား"

မင်းဘုဏ်းမောင်မှ သူရှင်းပြခဲ့သည့် project အသေးစိတ်ကို projector သို့ငေးကြည့်နေသည့် သူနှစ်ယောက်ကိုမေးလိုက်သည်....
သူလုပ်ချင်သည့်အရာကိုလုပ်ရဖို့ ရှေ့မှနှစ်ယောက်၏အကူအညီများစွာလိုအပ်သည်မို့ ထိုသူတို့ရဲ့အဖြေကို စိတ်လှုပ်ရှားစွာစောင့်နေသည်ဆိုရင်လည်း မမှား....

"ဒါဆိုရင် product တွေက တကယ့် brand တွေပဲတင်ထားမှာပေါ့"

"ဟုတ်တယ်ဗျ ဒီမှာ အလွယ်တကူမရနိုင်တဲ့ international brand တွေကို authorized ဖြစ်အောင်လုပ်ပြီးရောင်းမှာ၊ ဒါမျိုး brand တွေက online ကနေ အလွယ်တကူမှာလို့ရပေမဲ့ waiting time ရှိသေးတယ်မလား ကျွန်တော်တို့ကတော့ အဲ brand တွေနဲ့ပတ်သတ်သမျှ ရှိသမျှအသုံးအဆောင်ပစ္စည်းအကုန်လုံးကို in hand ထားပြီးရောင်းမှာပါ၊ stock ရဖို့အတွက်က ကျွန်တော်နဲ့နေမဟာ့ဆီမှာ အဆက်အသွယ်ကောင်းတွေရှိလို့ စိတ်ပူစရာမလိုဘူး သို့ပေမဲ့ အားဖြည့်ရမဲ့အပိုင်းတွေတော့ရှိနေသေးတယ်"

"ကိုကြီးလဲအဲဒါပြောချင်တာ stock နဲ့ပတ်သတ်လို့ ကိုကြီးတို့ဆီမှာ merchandising team ရှိတယ်ဆိုပေမဲ့ ထပ်ဖြည့်ဖို့လိုမယ်၊ နောက် online customer care, online order team စတာတွေထပ်ဖြည့်ရမယ်"

"ဟုတ် ကျွန်တော့အနေနဲ့ လူဖြည့်ဖို့ကိစ္စကို ၂လအချိန်ယူထားတယ်....ဒီကြားထဲမှာ ကိုကြီးလင်းမောင်ဘက်က website ကို ၃လအတွင်း ဈေးရောင်းလို့ရတဲ့အနေအထားဖြစ်စေချင်တယ်ခင်ဗျာ ရနိုင်မလား"

"အင်း ရပါတယ် data လေးတွေတော့လိုမယ်နော်ညီလေး"

"ဟုတ်ကဲ့ အဲဒါကို ကိုကြီးလင်းမောင်တို့ကို နေမဟာကူညီလိမ့်မယ် ကျွန်တော်က အဲအပိုင်းမကျွမ်းကျင်ဘူးဆိုတော့"

"ရပါတယ်ဗျား ငါ့ညီတွေဘယ်သူဖြစ်ဖြစ်ပေါ့...."

"နောက်ပိုင်းတော့ ကျွန်တော်တို့ client တွေရဲ့ product တွေလဲပါကောင်းပါလာနိုင်ပေမဲ့ customer choice ပေါ့ဗျာ....ကျွန်တော်တို့ဆီမှာတော့ online သီးသန့်ပေါ့ ဈေးကလဲကွာကိုကွာနေစေရမယ် အဲလိုတော့စဉ်းစားထားတယ်"

"အင်း ကောင်းပါတယ် ကဲ ဒါဆိုရင် ညီလေး နေမဟာရော ကိုကြီးတို့ team နဲ့ ဘယ်တော့လောက် meeting လေးစမလဲဗျ"

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now