"သူကဘာလဲ"
"IT team ကလေ အသစ်ဝင်တာမကြာသေးဘူး"
"အော် ဘယ်သူ့အကန့်နဲ့ဝင်တာလဲမသိဘူးနော် သူ့ကြည့်ရတာအေးရာအေးကြောင်းပဲ"
"ဟုတ်တယ် CEO တို့ဘာတို့နဲ့လဲအရမ်းရင်းနှီးသလိုပဲ ငါတို့များ အသစ်ဝင်ကာစဆို CEO တို့နားတောင်ကပ်မရဘူး"
သံယောဇဉ်ငယ်တစ်ယောက် ကန်တင်းမှာတစ်ယောက်တည်းထမင်းထိုင်စားနေတုန်း တခြားစားပွဲမှစကားသံတချို့တို့က သူ့နားထဲတိုးဝင်လို့လာသည်.....
အစက ဘယ်သူ့ကိုပြောနေမှန်းမသိပေမဲ့ သူတို့မျက်လုံးတွေက သံယောဇဉ်ငယ်ကိုလှမ်းလှမ်းကြည့်နေတာသတိထားမိသည်.....၊လူတွေကလဲနော် ကိုယ့်အရည်အချင်းနဲ့ကိုယ် ကျရာနေရာ နေရတာတောင် ဘာလို့မကောင်းမြင်ချင်ကြရပါလိမ့်.....
"ဟိတ်! တစ်ယောက်တည်းလား"
"ခန့်သူ"
"ဟုတ် ကိုငယ် ဘယ်လိုဖြစ်လို့တစ်ယောက်တည်းလဲ ကိုရှိုင်းတို့ရော"
"ဒီနေ့မှ ကိုရှိုင်းရော ကိုရီစိုးရော ခွင့်လေ ကျန်တဲ့သူတွေကတော့ မစားသေးဘူးတဲ့"
"အော် ဒါဆို ကျွန်တော်ဒီမှာပဲထိုင်လိုက်တော့မယ်နော်"
"အင်း ထိုင်လေ"
"ကိုငယ် ဘာလို့ မုန်လာဥတွေမစားတာလဲဗျ"
ခန့်သူက သံယောဇဉ်ငယ် မကြိုက်လို့ဖယ်ထားတဲ့ အသီးအရွက်ကြော်မှ မုန်လာဥဖတ်လေးတွေကိုလှမ်းမေးလာခြင်းဖြစ်သည်...
"မကြိုက်လို့ မုန်လာဥဆို အတောင့်လိုက်ပြုတ်ထားတာမျိုးပဲကြ်ုက်တာ ခုလိုချက်ထားတာဆိုမစားဘူး ဟီး"
"ကိုငယ်ကလဲအဆန်းပဲ မစားရင်ကျွန်တော်ယူလိုက်မယ်နော် ကျွန်တော်က မုန်လာဥဆိုဘာနေနေကြိုက်တာ"
"ဟုတ်လား ဒါဆိုရော့ အသန့်နော် ထမင်းနဲ့မရောခင်ထဲက သတ်သတ်ဖယ်ထားတာ"
"ဟုတ်ကဲ့ပါဗျာ"
"ကြည့်စမ်း ငါ့ခန့်သူကို ဟင်းတွေထည့်ပေးနေတာ"
"ဟုတ်ပါရဲ့ ပုံစံကလဲ မိန်းကလေးတွေထက်တောင် ဖြူဖြူနုနုရွရွလေး ခုခေတ်မှာက ယောင်္ကျားလေးတွေလဲမယုံရတော့ဘူးဟဲ့"
YOU ARE READING
သူ့ကိုသာလျှင်...(ခေတ္တရပ်နား)
Romanceကြုံလာတဲ့ရေစက်တစ်ခုမှာ ကျွန်တော်တို့နှစ်ယောက်တွေ့ဆုံခြင်းက ကောင်းသောတွေ့ဆုံခြင်းဖြစ်ပါရစေ....