8

32 8 2
                                    

"ကျစ် error error...error ရေ မင်းဘယ်မလဲ"

"...."

"ဒီအထိကမှန်တယ် ဒါလဲမှန်တာပဲကို ကျစ် ဘယ်နားက error တက်နေတာလဲကွာ"

"ကိုငယ့်ကို ကျွန်တော်လန့်လာပီဗျာ"

"ဟမ်!"

သံယောဇဉ်ငယ်တစ်ယောက် ရေးနေတဲ့ code error တက်နေတာရှာမတွေ့တာနဲ့ ကန်တင်းထိလာပြီး ထောင့်ကျကျနေရာတစ်ခုရှာပြီး error ရှာနေတုန်း အသံကြားလို့ကြည့်မိတော့ ကော်ဖီခွက်ကိုယ်စီကိုင်ထားကြသော ခန့်သူနဲ့ကိုရီစိုးတို့နှစ်ယောက်ဖြစ်နေတာတွေ့ရသည်...။

"ကိုရီစိုးတို့ကော်ဖီလာသောက်တာလား"

"အေး ငါကဒီတိုင်းကော်ဖီလာမှာပြီး နေရာကိုယူသွားမလို့ပဲ ဒီမှာ ခန့်သူနဲ့တွေ့ပြီး မင်းကိုပါတွေ့တာပဲ"

"ကိုငယ့်နောက်ကို ကျွန်တော်တို့ရောက်နေတာကြာလှပြီး လက်တော့ကိုစိုက်ကြည့်နေရင်း ပါးစပ်ကပွစိပွစိနဲ့ မသိရင် နတ်ဆရာဂါထာရွတ်နေသလိုပဲ"

"အာ မဟုတ်တာ ကျွန်တော်က error ရှာနေတာပါခန့်သူရယ်"

"သံယောဇဉ်ငယ်အကြောင်းတော့ပြောမနေနဲ့ ငါတို့ကတော့ရိုးနေပါပီ သူရောက်ကာစကတော့ မင်းလိုပဲငါတို့လဲလန့်တာပေါ့ ဆရာလင်းမောင်ကတော့ပြောတယ် တချို့ coding သမားတွေထဲ ရေးထားတဲ့ code တွေဖတ်ရင်း error ကို အသံထွက်ရှာတဲ့လူကလဲရှိကိုရှိတာတဲ့"

"အဆန်းနော် အဟဲ ဒါပေမဲ့ ကျွန်တော်တို့လဲမထူးပါဘူးဗျာ တစ်ခုခုကိုအာရုံစိုက်လိုက်ပီဆို ပါးစပ်ကနေလဲအသံတစ်ခုခုထွက်ချင်ထွက်နေတာပဲ"

ခန့်သူအပြောကို သံယောဇဉ်ငယ်တို့နှစ်ယောက်ရယ်မောကာနားထောင်နေတုန်း ကန်တင်းသို့ ဆရာလင်းမောင်နဲ့ကိုနေမဟာတို့ဝင်လာတာတွေ့ရသည်..။
လူကြီးတွေဝင်လာသည်မို့ အပြုအမူတွေအကုန်လုံး ကိုယ်ရှိန်သတ်ကြပြီး လက်ပြတဲ့သူကပြ ရယ်ပြတဲ့သူကရယ်ပြနဲ့ဖြစ်ကုန်ကြ၏။

"လူစုံနေကြပါလားဟေ့ သံယောဇဉ်ငယ် error ရှာတွေ့ပြီလား"

"ဟို ဆရာလင်းမောင် တွေ့တာတော့တွေ့ပါပြီး ကျွန်တော်ပြန်ပြင်ထားတာလေးရှိလို့ ဆရာ့ကိုပြလို့ရမလားခင်ဗျာ့"

"ရတာပေါ့ အဲ ဒါပေမဲ့ ဆရာက နေမဟာနဲ့လက်ဘက်ရည်သောက်ဖို့ထွက်လာတာကွ နောက်မှပဲ"

"အလုပ်ရှိရင်လုပ်ပါကိုကြီလင်းမောင် ကျွန်တော် ခန့်သူတို့နဲ့ထိုင်လိုက်မယ်"

"အဲလိုလုပ်မလားညီလေး ကိုကြီးတို့ကလဲဒီပရောဂျက်ကို မြန်မြန်ဖြတ်ချင်တာမို့ကွာ သိတယ်မလား CEO ကြီးကအချိန်ပြည့်မေးနေတာ"

"နားလည်ပါတယ်ခင်ဗျာ ဒါဆို ကျွန်တော်တို့ ဟိုဘက်ဝိုင်းမှာထိုင်လိုက်မယ်နော်"

ခန့်သူတို့နဲ့အတူနေမဟာက သံယောဇဉ်ငယ်တို့နဲ့မျက်နှာချင်းဆိုင် တစ်ဝိုင်းကျော်မှာသွားထိုင်သည်...။

သံယောဇဉ်ငယ်ကတော့ ဆရာလင်းမောင်ဘက် လက်ပ်တော့လှည့်ပေးပြီး လုပ်ထားပြီးသားအကြောင်းအရာလေးတွေရှင်းပြလေ၏။

သို့ပေမဲ့ တစ််ချက် တစ်ချက် ကိုနေမဟာရှိသည့်ဝိုင်းဘက်မျက်လုံးရောက်သွားလျှင် သံယောဇဉ်ငယ်တို့ကိုစိုက်ကြည့်နေသည် ကိုနေမဟာ့မျက်လုံးတွေကိုတွေ့ရသည်...။

မဟုတ်သေးဘူး....ကြည့်နေတယ်ဆိုတာ သံယောဇဉ်ငယ်အတွက် သိပ်မသေချာဘူး ဘာလို့ဆိုတော့ သံယောဇဉ်ငယ်က အဝေးမှုန်နေလို့။ မျက်မှန်မပါလျှင် ခပ်လှမ်းလှမ်းကအရာတွေကို သံယောဇဉ်ငယ်က သဲကွဲစွာမမြင်ရပေ။

မသိစိတ်ကသာထင်နေပေမဲ့ ကိုယ့်ကိုစိုက်ကြည့်နေတယ်လို့ ခံစားရမိတော့ စိတ်တွေလှုပ်ရှားလာရသည်... ဒါဟာ သံယောဇဉ်ငယ်အတွက် ဒုတိယအကြိမ် သူစိမ်းယောင်္ကျားလေးတစ်ယောက်အပေါ် စိတ်လှုပ်ရှားသွားမိခြင်းပင်။

>>>

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now