6

58 10 5
                                    

A company မှာ အလုပ်ဝင်တာ ၃လပြည့်ပြီးနောက်မှာတော့ သံယောဇဉ်ငယ်လည်း permanent ဖြစ်သွားခဲ့ပြီ...၊
Website အနေအထားကလည်း တော်တော်လေးရုပ်လုံးကြွလာပြီမို့ အပြီးသတ်နိုင်ဖို့သာ အာရုံစိုက်ထားရသည်....၊
၃လအတွင်း team က လူတွေနဲ့တော်တော်လေးရင်းနှီးလာသလို ဆရာလင်းမောင်ကလည်း သံယောဇဉ်ငယ်လုပ်သမျှ CEO ဆီတင်ပြနေတော့ CEO နဲ့ပါအနည်းငယ်ရင်းနှီးလာပြီဖြစ်တယ်....၊
CEO ဖြစ်သူ ကိုမင်းဘုဏ်းမောင်က အသက်အရွယ်အားဖြင့် သံယောဇဉ်ငယ်နဲ့ နှစ်နှစ်လောက်သာကွာတာမို့ လူငယ်ပီပီ ဝန်ထမ်းတွေအပေါ်တော်တော်လေးနားလည်မှုရှိသလို သူ့ထက်အသက်အရွယ်ကြီးတဲ့သူဆိုရင်လည်း respect ရှိလှသည်....၊
သံယောဇဉ်ငယ်အဖို့ အရင်အလုပ်တွေမှာ စိတ်ဖိအားများခဲ့သလောက် ယခုအလုပ်မှာတော့ သတ်မှတ်ထားသည့်ရက်အတွင်းသာအလုပ်ပြီးရင်ရပြီမို့ တခြားဘာဖိအားမှမရှိပဲ လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးလေတော့ တော်တော်လေးကိုအဆင်ပြေလှသည်ဆိုရမည်...။

တွဲဖက်လုပ်ကိုင်ရတဲ့ ကိုရီစိုးနဲ့လဲအဆင်ပြေပြီး မသိတာရှိရင်အချိန်မရွေးမေးလို့ရသည့် ကိုရှိုင်းထက်လည်းရှိနေပြန်တော့ အိုကေမှာစိုပြေနေတယ်.....၊

အလုပ်စဝင်ဝင်ချင်းမှာပဲ အရေးကြီးတဲ့ project ကိုတာဝန်ပေးအပ်ခံရတဲ့အပြင် လူကြီးပိုင်းတွေအနေနဲ့ သံယောဇဉ်ငယ်ရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျလေတော့ permanent မဖြစ်ခင်ကတည်းကပါ အရေးပါတဲ့လူတစ်ယောက်လိုဆက်ဆံကြတာမို့ အမြင်မကြည်သူတချို့ကတော့ ရှိလေသည်....၊
ဒါ့အပြင် နဂိုတည်းက social မကောင်းတဲ့သံယောဇဉ်ငယ်အဖို့ မသိတဲ့သူတွေဆို စကားပြောယဉ်ကျေးပေမဲ့ ရုပ်တည်နဲ့သာဖြစ်နေတတ်တာမို့ အမြင်ကပ်သူတဲ့သူတွေလည်း ရှိကောင်းရှိနေပြန်ပါသည်....။

သံယောဇဉ်ငယ်က အစမှာရင်းနှီးရခက်ပေမဲ့ တကယ်တမ်းခင်သွားပြီဆိုရင် စကားတွေအများကြီးပြောပြီး ပျော်ပျော်နေပြတတ်တဲ့ ကောင်လေးဆိုတာ ခင်မင်ရင်းနှီးတဲ့သူတချို့သာ သိသည်....ဒါကိုလဲ တကူးတက ဘယ်သူ့ကိုမှ သူလိုက်ရှင်းပြမည်တော့မဟုတ်.....။
ကိုယ်ပုံစံနဲ့ကိုယ်နေပြီး ကိုယ်အလုပ်တာဝန်ပဲကိုယ်ကျေရင်ရပြီမလား....။

သူ့ကိုသာလျှင်...(ခေတ္တရပ်နား)Where stories live. Discover now