HS Group၏ကားပါကင်ထဲသို့ အနက်ရောင် Marcedesကားတစ်စီးထိုးရပ်လိုက်သည်။
မြေအောက်ထပ်ကနေ တတိယအလွှာအထိဓာတ်လှေကားနဲ့ဆက်ထားပြီး ထိုမှတစ်ဆင့်ဓာတ်လှေကားတစ်ဆင့်စီး၍ အပေါ်ထပ်တွေရှိ သက်ဆိုင်ရာရုံးခန်းများသို့သွားရသည်။ HS groupက မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်း ၃ခုထဲကတစ်ခုမို့ ကုမ္ပဏီအပြင်အဆင်ကအစခမ်းနားသည်။ဦးစေ တတိယထပ်ကိုရောက်တော့ အတွင်းရေးမှူးအသစ် သိဒ္ဓိက အသင့်စောင့်ကြိုနေသည်။တတိယထပ်ကMarketing ဌာနဖြစ်တာကြောင့် အမျိုးသမီးဦးရေပိုများသည်။Marketing ဌာနအမျိုးသမီး၀န်ထမ်းများတော့ ဖြတ်သွားတဲ့ထိုအမျိုးသားရဲ့ပုံပန်းသွင်ပြင်ကြောင့် ရင်တွေခုန်နေကြမည်ထင်ပါသည်။အနက်ရောင် suitကိုကျနစွာ၀တ်ဆင်ထားပြီး လက်တွင်တန်ဖိုးကြီးbrandနာရီကိုလည်းခန့်ညားစွာပတ်ထားသည်။necktieတွင် ညှပ်ထားသော ကလစ်ကလည်းတကယ့်စိန်သားအစစ်နှင့်ပြုလုပ်ထားသည်။ထိုအမျိုးသား၏ ဆံနွယ်လေးဝေ့ယမ်းသွားတိုင်း ပျိုမေတို့အကြည့်များကလည်းထိုအမျိုးသားဆီကမခွာနိုင်တော့။
"အားးး ဒုက္ကဌကငါ့ရဲ့type ပဲဟေ့ အခုကစပြီး ဒုဥက္ကဌကိုcrush ပြီ"
၀န်ထမ်းကောင်မလေးတစ်ယောက်ထိုသို့ထပြောတော့ ဘေးနားကကောင်မလေးကလည်းအားကျမခံ
"နောက်ကျသွားပြီ ဒုဥက္ကဌ ရုံးကိုစရောက်တဲ့နေ့တည်းကငါဦးထားတာ လစ်လိုက်တော့ "
"အဟမ်း အဟမ်း ဒုဥက္ကဌမှာက သားရှိတယ်နော် လူလွတ်ဟုတ်ချင်မှဟုတ်မှာ"
"သားရှိလည်း ဘာဖြစ်လဲ ဒုဥက္ကဌရဲ့သားပဲ ဘာလို့မချစ်ပေးနိုင်ရမှာလဲ ကိုယ့်သားအရင်းလေးလိုချစ်ပေးမှာပေါ့"
Marketing ဌာန၀န်ထမ်းအမျိုးသမီးများကတော့ ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် ဒုဥက္ကဌအကြောင်းကိုမစားရ၀ခမန်းပြောနေကြသည်။သူတို့မသိတာက ပုလင်းကွဲရှတော့မည်ဆိုတာပင်။
"Boss အထဲမှာ ရုံးခွဲရဲ့ CEO. နေးစေရာ ရောက်နေပါတယ်ခင်ဗျ"
"အင်း သိပြီ"
ဦးစေတံခါးဖွင့်၀င်လိုက်တော့ ဧည့်သည်ထိုင်တဲ့နေရာကဆိုဖာပေါ်မှာ နေးစေရာက အကျအနထိုင်နေသည်။ဦးစေလည်း ထိုင်ခုံမှာ၀င်ထိုင်လိုက်တော့ နေးစေရာကပြုံးသည်။
YOU ARE READING
My Dear Second Husband
RomanceStart date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။