"မေမေ လေပြေ ဒါကျွန်တော့်အမျိုးသား ကမ္ဘာဦးစေ"
"ဦးစေ ဒါကငါ့မေမေဒေါ်ဆွေဇင်လင်း ဟိုဘက်ကငါ့ညီမ လေပြေသွေးသစ်"
"ဗျာ"
ဦးစေ အံ့ဩသွားရသည်။အဲ့တာကြောင့်ကုတင်ပေါ်ကအမျိုးသမီးက ရောင်နဲ့ခပ်ဆင်ဆင်ဖြစ်နေတာပင်။ထိုအမျိုးသမီးကြီးရဲ့မျက်လုံးကနွေးထွေးသယောင်ရှိပေမယ့် ပြတ်သားတဲ့ပုံစံ။ထိုအရာကရောင်နဲ့တူသည်။"တွေ့ရတာဝမ်းသာပါတယ် အန်တီ ကျွန်တော်က ရောင့်ရဲ့အမျိုးသားပါ စောစောလာနှုတ်ဆက်ရမှာကို နောက်ကျသွားလို့တောင်းပန်ပါတယ်"
"ခဲအိုကချောလိုက်တာ ကိုကို"
"တိတ်စမ်း လေပြေ ...မိုးသောက်ညရောင် မင်းပြန်တော့ "
ညရောင်ကိုပြုံးပြပြီးလက်မလေးထောင်ပြနေတဲ့လေပြေက မေမေ့ရဲ့စကားကြောင့်ငြိမ်ကြသွားရသည်။
"မေမေ သားစိတ်မချသေးဘူးလေ သားညအိပ်စောင့်ပါရစေ"
"အို မလိုဘူး ပြန်တော့ မင်းမျက်နှာငါမမြင်ချင်ဘူး "
"မေမေ ကိုကိုကစိတ်ပူလို့ပြေးလာရတာကို ဘာလို့အဲ့လို...."
"လေပြေသွေးသစ် ညည်းကိုဝင်မပါဖို့ငါပြောနေတယ်မလား"
"မေမေ ...သားကိုစိတ်ဆိုးနေတယ်ဆိုတာသိပါတယ် ဒါပေမယ့်သားကဒီတစ်ညတော့စောင့်ပေးပါရစေ"
"မိုးသောက်ညရောင် ငါမင်းကိုပြန်ခိုင်းနေတယ်လေ မင်းနားမပါဘူးလားဟမ်"
"အန်တီ !"
ဦးစေ ရောင့်အပေါ်ခက်ခက်ထန်ထန်ပြောတာ သည်းမခံနိုင်တော့လို့ ဝင်ပြောမလို့လုပ်လိုက်ပေမယ့် ရောင်က လက်မောင်းကိုကိုင်ပြီးမပြောဖို့တားတာကြောင့် ပြောမယ့်စကားကိုရုတ်သိမ်းလိုက်ရသည်။
ရောင့်အပေါ်ရင့်ရင့်သီးသီးပြောလာရင် ရောင့်အမေလည်းဦးစေကသည်းခံမည်မဟုတ်ပေ။
"ကိုကိုပြန်လိုက်တော့နော် နောက်နေ့ကျမှထပ်လာခဲ့လေ နော်"
"နောက်နေ့လည်းထပ်လာစရာမလိုဘူး ငါ့ကိုအမေလို့မသတ်မှတ်ရင် မင်းငါ့ဆီလာစရာမလိုဘူး "
VOCÊ ESTÁ LENDO
My Dear Second Husband
RomanceStart date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။