အပိုင်း ၃၃ Uni+Zawgyi

4K 122 6
                                    

သားပျောက်သွားတာ အခုဆို ညနေစောင်းလာပြီဖြစ်သည်။ရောင်ကတော့ သူ့ကိုယ်သူအပြစ်တင်နေပေမယ့် ဦးစေ ညရောင်အား အပြစ်မတင်ရက်ပါ။ သူသာ ဖုန်းပြောတာကြာမနေခဲ့ရင် သူသာ ရောင်တို့ကိုနှစ်ယောက်တည်းမထားခဲ့ရင် သူသာ ပျော်ရမယ့်အချိန်မှာအလုပ်ကိုဝင်မစွက်ဖက်စေခဲ့ရင် ဒီအဖြစ်ဆိုးကဖြစ်လာစရာအကြောင်းမရှိပေ။သားပျောက်သွားကတည်းက ဦးစေ တစ်မြို့လုံးမှာရှိတဲ့ အဝင်အထွက် ဂိတ်တွေအကုန်ပိတ်ခိုင်းထားပြီး ပိုက်စိပ်တိုက်ရှာနေသည်။
သူ့လူတွေကိုသုံးပြီး တစ်မြို့လူံးအနှံ့ သားကိုရှာဖို့ဖြန့်ကျက်ထားသည်။အဝေးထွက်မပြေးစေရန် အဝင်အထွက်ဂိတ်များကိုချက်ချင်းပိတ်လိုက်ခြင်းဖြစ်သည်။ထို့ကြောင့် သားသည် ရန်ကုန်မြို့ထဲမှာပဲရှီနေဦးမည်။

သားပျောက်သွားကတည်းက သားစိတ်နဲ့ မှိုင်တွေနေတဲ့ ညရောင်အား ဦးစေ အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ရင့်လာတဲ့ ကိုယ်ဝန်ကြောင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းသွားမှာလည်းစိုးရိမ်နေရသည်။ရောင်ကတော့ သူ့အပြစ်ဟုဆိုကာ သူ့ကိုယ်သူ အပြစ်တင်မဆုံးပေ။

အခုလည်း ဧည့်ခန်းကဆိုဖာတွင် ထိုင်ကာ ငိုမြဲသာငိုနေသည်။

"ရောင် မငိုနဲ့လေကွာ သားကို မောင်ရှာနေပါတယ် ရောင်ရဲ့ ရောင်သာလေ စိတ်ကိုကြံ့ခိုင်အောင်နေနော် ဗိုက်ထဲက ကလေးလေးကလည်း သူ့ပါးပါး ငိုနေတာသိရင် သူလည်းငိုချင်နေမှာရောင်ရဲ့ ‌"

ညရောင်သည်စကားပြန်မလာ။

"ရောင်ရယ် ရောင့်အပြစ်မဟုတ်ပါဘူးကွာ
မောင်သာ ရောင်တို့သားအဖနှစ်ယောက်ကို မထားခဲ့ရင်
ကျစ် မောင့်အပြစ်ပါကွာ တိတ်တော့နော်"

ဦးစေ ညရောင် ကျောပြင်အားပုတ်ကာပုတ်ကာပြောသည်။သူ့အမျိုးသားကိုစိတ်ဒုက္ခပေးပြီး သူ့သားကိုဖမ်းခေါ်သွားသူအား ဦးစေ တကယ်အလွတ်ပေးမည်မဟုတ်ပေ။တမင်ရည်ရွယ်ချက်ဖြင့် လုပ်မှန်းဦးစေသိသည်။ထို့ကြောင့် သိဒ္ဓိ ကိုရော နေးကိုကောအကူညီတောင်းကာ ရှာခိုင်းထားသည်။
မိလို့ကတော့ အရှင်ထားမည်မဟုတ်ပေ။

"မောင် သားကိုရအောင်ရှာပေးပါ နော် နော် မောင်"

"မောင့်သားကိုသေချာပေါက်တွေ့အောင်ရှာ‌မယ် အဲ့တာကြောင့် ရောင်ကစိတ်အေးအေးထား‌ရမယ် ဟုတ်ပြီလား"

My Dear Second Husband Donde viven las historias. Descúbrelo ahora