တစ်ညနေလုံးငိုထားတဲ့သားငယ်ဟာ ညရောင်ရင်ခွင်ထဲမှာ ဖားလေးတစ်ကောင်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေပြီ။ညရောင်ဘေးတစ်စောင်းလှဲနေရာမှ အနောက်ကဦးစေရောက်လာတာကိုသတိထားမိလိုက်သည်။
"ရောင်လေး မောင်တိုင်ပင်စရာရှိလို့"
ညရောင် လှဲနေရာမှ ထထိုင်လိုက်ကာ
"အင်း ပြောလေ ဦးစေ "
"ရောင့်မေမေကိုဆေးရုံပြောင်းပေးလိုက်ရင်မကောင်းဘူးလား မောင်တို့Group ခွဲဆေးရုံကိုပြောင်းပေးမယ်လေ private ဆိုတော့ပိုပြီးစိတ်ချရတာပေါ့ ရောင့်မေမေဆီသွားချင်ရင်လည်း အချိန်မရွေးသွားလို့ရတယ်လေ"
"ကျေးဇူးတင်ပါတယ် ဦးစေ မေမေကငါ့ကိုစိတ်ဆိုးနေတုန်းဆိုတော့ လက်ခံမှာမဟုတ်ဘူး မေမေကခေါင်းသိပ်မာတာ ...အဲ့တာကြောင့် မင်းရဲ့စေတနာကိုပဲလက်ခံလိုက်ပါ့မယ်"
"အခုရောင့်မေမေတက်နေတဲ့ဆေးရုံကဝေးတော့ ရောင်သွားတဲ့လာတဲ့အခါအဆင်မပြေမှာစိုးတယ် မောင်ကရောင့်ကိုလည်းတစ်ယောက်တည်းမလွှတ်ချင်ဘူး မောင်နဲ့ပဲသွားစေချင်တာ"
"အင်း ငါနားလည်ပါတယ် ငါ့အတွက်စဉ်းစားပေးတာ မင်းကိုတကယ်ကျေးဇူးတင်ပါတယ်"
"အမှန်အတိုင်းပြောရရင် မောင် ရောင့်ကိုစိတ်မချဘူး ဘယ်လိုအကြောင်းတရားတွေကြောင့်ပဲဖြစ်ဖြစ် ရောင့်ကိုမောင်မစွန့်လွှတ်နိုင်ဘူး ဒါကရောင့်အပေါ်ထားတဲ့ မောင့်ရဲ့အတ္တပဲ မောင်ကပိုင်ဆိုင်လိုစိတ်ကြီးတယ်ရောင် မောင်ပိုင်ဆိုင်တဲ့အရာတွေကိုဆုံးရှုံးရမှာသိပ်ကြောက်တယ်"
ညရောင် ဦးစေအနားကိုတိုးကာ နှဖူးထက်ကိုခပ်ဖွဖွထိကပ်လိုက်သည်။
"ဒီလိုဆိုရင်ရော မင်းကြောက်သေးလား ဦးစေ"
ဦးစေ ရောင့်ဆီကပထမဆုံးအနမ်းကြောင့် ဦးစေ ခဏတာ ငြိမ်သွားသည်။
ပူနွေးနွေးအထိအတွေ့...ရောင့်ဆီကပထမဆုံးအနမ်းကြောင့်ရင်ဘတ်ထဲကအကောင်တောင်ကြောင်သွားသည်။ရင်ခုန်သံစည်းချက်တွေကလည်း မမှန်တော့ပေ။ရောင့်ဆီကနူးညံ့လွန်းတဲ့အနမ်းတစ်ပွင့်ဟာ ဦးစေအတွက်တော့ အရာရာနဲ့မလဲနိုင်တဲ့ချိုမြိန်ခြင်းလေးပင်။
BẠN ĐANG ĐỌC
My Dear Second Husband
Lãng mạnStart date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။