အပိုင်း ၂၆ Uni+Zawgyi

6K 175 13
                                    

မနက်ခင်းရောင်နီဟာ ပြတင်းမှန်ကတဆင့် အခန်းအတွင်းသို့ ဖြာကျလာသည်။ဆောင်းဝင်စဖြစ်နေသောမနက်ခင်းကအနည်းငယ်စိမ့်သောငြား အပူဓာတ်လေးနွေးနွေးတော့ကျန်နေသေး၏။နေရောင်ခြည်သည် မနက်ခင်းကိုနွေးထွေးစေသလို မိသားစုလေးတစ်စုကိုလည်း နွေးထွေးစေပြန်သည်။

ကော့ညွှတ်နေသော မျက်တောင်တို့သည် နေမင်း၏ကျီစယ်မှုကြောင့် တဖြတ်ဖြတ်ခပ်လာသည်။

"အင်းးးးးးး"

အိပ်ရေးမဝသေးသော ကလေးတစ်‌ယောက်လို ညရောင် သည် သံရှည်ဆွဲကာ လူးလိမ့်လာသည်။

"မွ"

ပါးပြင်ထက်ဆီသို့ကျရောက်လာသော နှုတ်ခမ်းသေးသေးလေးဆီက အနမ်းတစ်ပွင့်။

ထိုအထိအတွေ့ကြောင့် ညရောင်ပြုံးကာ မျက်လုံးများပွင့်လာရသည်။

"မောနင်း ပါးပါး "

ညရောင်၏မထွက်သေးသော ဗိုက်လေးကိုပွတ်ကာ တဖွဖွနမ်းနေသော သားငယ်ဖြစ်သူကို ညရောင် သဘောတကျပြုံးကာကြည့်မိသည်။

ပြွတ်

"မောနင်း ညီညီယေး "

ဗိုက်ထဲက ကလေးလေးကိုပါ နမ်းနေသော ညရောင်ကမ္ဘာလေးကို ညရောင်မှာအသဲတယားယားဖြင့်သာ။

အခုဆို ညရောင်လိုချင်တဲ့မိသားစု ဘဝလေးကို ညရောင်ရပြီလေ။ ချစ်ဖို့ကောင်းတဲ့ သားလေးရယ်၊
မြတ်နိုးရတဲ့မောင်ရယ်၊ လူ့လောကထဲရောက်မလာသေးတဲ့ ဟော့ဒီ ရင်သွေးလေးရယ် ။

တွယ်တာစရာသံယောဇဉ်လေးတွေတစ်စထက်တစ်စပိုများလာတော့ ညရောင်မှာ ယောကျာ်းကြီးတန်မဲ့ မျက်ရည်ဝဲရပါသေးတယ်။

"‌ရောင် ဘာလို့မျက်ရည်‌စတွေဝဲနေတာလဲ"

ရေချိုးခန်းထဲက အပေါ်ပိုင်းဗလာနဲ့ထွက်လာသော ဦးစေက ကပျာကယာဖြင့် ညရောင်အနားရောက်လာသည်။

"မောင် ဘာလုပ်ပေးရလဲ ဟင် ရောင်လေး"

"ညယေး ဘာယုတ်ပေးရမလဲ ဟင် ပါးပါး"

ဒီသားအဖ လိုက်လည်းလိုက်တဲ့ သားအဖ ။ အဖေရော သားရော မျက်နှာငယ်လေးတွေနှင့် ချစ်စရာကြီးတွေပင်။

My Dear Second Husband Hikayelerin yaşadığı yer. Şimdi keşfedin