အပိုင်း-၁၈ Uni+Zawgyi

9.5K 397 20
                                    

"ပြန်လာပြီလား"

ရှိန်းခါ အလိုမကျစွာထွက်ပေါ်လာတဲ့ ဧည့်ခန်းထဲကအသံကြောင့်မျက်ခုံးကျုံ့လိုက်မိသည်။

"အိမ်ရှင်မရှိတဲ့ အခန်းကို မဝင်ရဘူးဆိုတာ ကိုယ့်ကိုယ်ကိုလူကြီးလူကောင်းဆိုပြီးသတ်မှတ်ထားတဲ့သူက နားမလည်တာလား နားမလည်ချင်ယောင်ဆောင်နေတာလား"

"အဖေတစ်ယောက်ကသားအိမ်ကိုလာလည်တာ ရာဇဝတ်မှုမြောက်နေလို့လား"

"ဟားဟားဟား ကျုပ်ကိုသားလို့ရောသတ်မှတ်ဖူးလို့လား ဦးမြတ်မင်း ရဲ့ "

ရှိန်းခါ ဦးမြတ်မင်းအား လှောင်ပြောင်သရော်စွာရယ်လိုက်သည်။

"ရှိန်းခါ မင်းကငါ့သားဆိုပေမယ့် မပါးနပ်ဘူးမင်းအမေလို တုံးအနေတုန်းပဲ"

"ခင်ဗျားပါးစပ်ပိတ်ထား!! ကျုပ်အမေအကြောင်းမပြောနဲ့ ခင်ဗျားပါးစပ်ကကျုပ်အမေအကြောင်းကိုထွက်စရာ ဘာစောက်ကြောင်းမှမရှိဘူး ကျုပ်အမေနာမည် သနတယ်"

ရှိန်းခါ အရှေ့ကဦးမြတ်မင်းကိုစူးစူးရဲရဲ နာကျည်းစွာကြည့်သည်။ရှိန်းခါရဲ့မျက်ဝန်းထဲက ခါးသီးမှုတွေက အတိုင်းသားမြင်နေရသည်။

"ခင်ဗျားလှည့်စားသမျှကို ကျုပ်အမေကသာငြိမ်ခံနေမယ် ကျုပ်ကတော့ အဲ့လိုလုပ်မှာမဟုတ်ဘူး ခင်‌ဗျားမှတ်ထား"

ဦးမြတ်မင်းကပခုံးတစ်ချက်တွန့်ကာ

"ဒေါသတွေသိပ်ကြီးနေပါလား ...ရှိန်းခါ မင်းရဲ့အားနည်းချက်ကအဲ့တာပဲ စဉ်းစားဉာဏ်မရှိဘူး"

"ဘာလဲ အဲ့‌ဒီတော့ ခင်ဗျားသိက္ခာတွေ ဟိုးအောက်ဆုံးထိကျသွားလို့လား အဟက်~"

"ထားပါ ...လာရင်းကိစ္စပဲပြောမယ်"

ဟုတ်တာပေါ့။အဖေဆိုတဲ့သူက သူ့အ‌ေကြာင်းအရင်းမရှိဘဲ စွန့်ပစ်ထားတဲ့သားဆီကိုလာမယ့်သူမျိုးမှမဟုတ်တာ။

"မင်းကိုခိုင်းထားတဲ့ ကိစ္စ အခုထိဘာမှထူးမလာသေးဘူး မင်းဘယ်လိုတွေလုပ်နေတာလဲ "

"ခင်‌ဗျားခိုင်းတိုင်းကျုပ်ကလုပ်ရမှာလား အဟက် ရူးနေလား"

"ငါကလည်း မင်းကိုအခြောက်ကိုခိုင်းချင်လို့ ခိုင်းတယ်များထင်နေလား မင်းသာအဲ့ကိစ္စအောင်မြင်အောင်မလုပ်နိုင်ရင် မင်းအမေကိုဘယ်တော့မှ အိမ်ထောင်စုစာရင်းထဲထည့်မပေးဘူး "

My Dear Second Husband Donde viven las historias. Descúbrelo ahora