အပိုင်း -၁၁ Uni + Zawgyi

10.6K 470 27
                                    

"ရောင် မောင်နဲ့အတူအခမ်းအနားပွဲတစ်ခုတက်ချင်လား"

"ဟင် "

ဦးစေ၏ရုတ်တရက်ဆန်သောအမေးကြောင့်ညရောင်ခဏတာကြောင်အသွားရသည်။

"ရောင်နဲ့မောင်က လက်ထပ်စာချုပ်မှာပဲလက်မှတ်ထိုးရသေးတာဆိုတော့ လက်ထပ်ထားမှန်းလူတိုင်းကမသိကြဘူး ရောင်ဆန္ဒရှိရင် မောင့်ရဲ့ပွဲတက်ခင်ပွန်းလေးဖြစ်စေချင်တယ်"

ဟုတ်ပါသည်။ဦးစေနဲ့ညရောင်ရဲ့အိမ်ထောင်ရေးစာချုပ်တစ်ခုသပ်သပ်ပဲဖြစ်ပြီး လူသိရှင်ကြားအတိအလင်းမသိကြပေ။
ဒါပေမယ့် ညရောင်အတွက်တော့ ခက်ခဲပါသည်။အိမ်ထောင်ကွဲထားတာမကြာသေးတဲ့အမျိုးသားတစ်ယောက်ကနောက်အိမ်ထောင်ထူထောင်တာမြန်ဆန်လွန်းသည်မလား။ပြီးတော့ အဲ့အိမ်ထောင်ရေးကသူ့လိုမျိုးတူအမျိုးသားတစ်ယောက်နဲ့တည်ဆောက်ထားသည်။

ညရောင်ဦးစေကိုမုန်းသလားလို့မေးရင်မမုန်းပါ။ဒါပေမယ့်ချစ်သလားလို့မေးရင်လည်းမဖြေတတ်ပါ။အချိန်တိုလေးအတွင်းမှာ တစ်ခါမှမမြင်ဖူးတဲ့ ယောကျာ်းတစ်ယောက်အားအဘယ်သို့ချစ်မြတ်နိုးရပါမည်နည်း။ဦးစေအပေါ်ထားတဲ့ ခံစားချက်တွေဟာ အိမ်ထောင်ဖက်တစ်ယောက်ကိုထားတဲ့ခံစားချက်တွေရောဟုတ်ရဲ့လား။ဦးစေရဲ့ဂရုစိုက်မှုတွေကိုစိတ်ရှုပ်စရာလို့ပြောပေမယ့် တကယ်တမ်းတော့ ညရောင်သဘောကျမိပါသည်။ဦးစေအပေါ်ထားတဲ့ညရောင်ရဲ့ခံစားချက်ကိုညရောင်ဘယ်လိုခေါင်းစဉ်တပ်ရမှန်းမသိပါ။

"ငါရင်မဆိုင်ရဲဘူး  ဦးစေ သမားရိုးကျမဟုတ်တဲ့ အိမ်ထောင်တစ်ခုအတွက် လူတွေရဲ့မျက်လုံးစိမ်းတွေကိုရင်မဆိုင်ရဲဘူး"

"ရောင် မောင့်ကိုဘယ်လိုသဘောထားလဲဟင်"

ဦးစေ ညရောင်အနားကိုတိုးကပ်လာကာ တစ်ယောက်အသက်ရှူသံကိုတစ်ယောက်ကြားနိုင်တဲ့အထိနီးကပ်နေသည်။
ညရောင်ရဲ့လက်ဖဝါးလေးကိုဆုပ်ကိုင်ကာ ဦးစေသူ့ရင်ဘတ်ဆီကိုအပ်ပေးလိုက်သည်။

ညရောင် ဦးစေရဲ့ရင်ခုန်သံစည်းချက်တိုင်းကိုခံစားမိပါသည်။ထိုနည်းတူစွာ ညရောင်ရင်ထဲကအကောင်ကရော ဘာလို့ခုန်နေရတာလဲ။
ညရောင် ဦးစေကိုမဝံ့မရဲမော့ကြည့်မိသည်။

My Dear Second Husband Where stories live. Discover now