အပိုင်း ၃၅ Uni+Zawgyi

4.3K 143 0
                                    

မီးရောင်အနည်းအကျဉ်းသာရှိသော အခန်းထဲတွင် စီးကရက်အတိုအစများသည် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။ လေဝင်လေထွက်မရှ်ိတာကြောင့် အခန်းထဲတွင် လတ်ဆတ်သောလေအစား ထိုင်းထိုင်းမှိုင်းမှိုင်းနှင့် စီးကရက်ငွေ့များသာရှိသည်။

တံခါးခေါက်သံနှင့်အတူ ‌သိဒ္ဓိရော နေးစေရာ ပါ အခန်းထဲဝင်လာသည်။

"Boss "

သိဒ္ဓိ၏ခေါ်သံနှင့်အတူ ဦးစေလည်း ဆုံလည်ထိုင်ခုံပေါ်တွင်နောက်လှည့်ထိုင်နေရာမှ ပြန်လှည့်လာသည်။

သိဒ္ဓိကအရှေ့တိုးကာ file တွဲတစ်ခုကို ဦးစေ ရှေ့ ချပေးပြီးနောက် stick တစ်ခုကိုပါ ပေးလိုက်သည်။

"အဲ့ stick က"

"ကိုစေ ဖွင့်ကြည့်ဖို့လိုအပ်တယ် "

နေး၏ပြောစကားကြောင့် ဦးစေ သင်္ကာမကင်းတော့ဖြစ်မိသွားသည်။

stick ကို ဖွင့်ကြည့်လိုက်တော့ ယာဉ်တိုက်မှုတစ်ခု။

အမျိုးသမီးတစ်ယောက် ကားတိုက်ခံလိုက်ရတဲ့မြင်ကွင်း။

နေစမ်းပါဦး။ဒီအမျိုးသမီးက မလရောင်နီနီ!

ရောင့် ရဲ့ အရင်မိန်းမပဲ။ကားကမတော်တဆတိုက်လိုက်တဲ့ပုံစံမျိုးမှမဟုတ်တာ။တရှိန်ထိုးမောင်းပြီး တိုက်ချလိုက်တဲ့ပုံစံမျိုးကြောင့် ဦးစေ အာစေးမိသွားသည်။

လဲသွားတဲ့ မလရောင်နီနီ ။ပြီးတော့ ပိုက်ဆံနဲ့ပစ်ပေါက်လိုက်တဲ့မြင်ကွင်းတစ်ခု။maskတပ်ထားတဲ့ အဲ့ယောကျာ်းကဘယ်သူလဲ။

အဲ့ကားတိုက်မှုက သွေးရိုးသားရိုးမဟုတ်တာ ဦးစေချက်ချင်းသိလိုက်သည်။

"အဲ့ထဲက ကားနံပါတ်ကိုခြေရာခံလိုက်တာ ပိုင်ရှင်က
ကျွန်တော်တို့ သိတဲ့သူဖြစ်နေတယ်"

"ရှိန်းခါ ....အရင် ambassador ဟောင်း"

နေး ၏ စကားကြောင့် ဦးစေ သိလိုက်သည်။

ရှိန်းခါ ။ ဦးမြတ်မင်းရဲ့အစွယ်ပွားပဲ။အဟက်။ကျူပင်ခုတ်ရင်ကျူငုတ်ပါမကျန်ရှင်းပေးရမှာပေါ့။

stick ထဲမှာ video တစ်ပုဒ်တည်းမဟုတ်။နောက် video တစ်ခုပါထပ်ရှိသေးသည်။

My Dear Second Husband Hikayelerin yaşadığı yer. Şimdi keşfedin