အပိုင်း ၃၂ Uni+Zawgyi

4.1K 132 2
                                    

ကားထဲတွင်ရောက်သည်အထိ ညရောင်သည် ဦးစေအား စကားမပြောပါ။ဦးစေကတော့ မထိတထိနှင့်သာ စနောက်နေသည်။ကားထဲတွင် ဦးစေနှင့် ကမ္ဘာညရောင်လေးတို့၏အသံကလွဲ၍ ညရောင်ကတော့တိတ်နေလေသည်။ကမ္ဘာညရောင်လေးကတော့ အပြင်ထွက်ရလျှင် အသံဆာဆာလေးနှင့်ပျော်နေတတ်သည်။

ဦးစေသည်ညရောင်၏အခြေအနေကိုတစ်ချက်အကဲခတ်ကာ ပြုံးလိုက်သည်။ရုပ်တည်ကြီးနှင့်တကယ့်ကိုကလေးပေါက်စနှငိ့တူသည်။အေးလေ။ကိုယ်ကလည်းကိုယ်ကိုး။မကြိုက်တာမှသွားစမိတာလေ။ရောင်ကကိုယ်ဝန်ရင့်လာလေလေ စိတ်ကဆတ်ဆတ်ထိမခံဖြစ်လာလေလေပဲ။အဲ့တာကိုသိရဲ့သားနဲ့သွားစမိတဲ့ ဦးစေ၏အပြစ်ပေါ့။

ဟူး~ဒီ ဗိုက်ကလေးကိုချော့ရတာလည်းမလွယ်ပါဘူးလေ.....

ရန်ကုန်မြို့လယ်ကောင်ရှိ City park သည် အပန်းဖြေနေသော မိသားစုများ ၊ အလည်အပတ်လာသော သူများနှင့် စည်ကားလျက်ရှိသည်။အသစ်ဖွင့်လှစ်လိုက်သော နေရာသစ် ဖြစ်သည်နှင့်အညီ အပန်းဖြေသွားလာသူများ များပြားနေသည်။

Dream Land ဟု အမည်ပေးထားသော ဆိုင်းဘုတ်ကြီး ရှေ့တွင်   စားသောက်ဆိုင်တန်းငယ်များ၊ကစားစရာဆိုင်ခန်းများ ၊ မိသားစုလိုက် ဓာတ်ပုံရိုက်သူများဖြင့် ပြည့်နှက်နေသည်။ကလေးများသဘောကျစရာ နေရာဖြစ်သဖြင့် မိသားစုလိုက် picinc ထွက်လာသူများလှ၏။

"ဒယ်ဒီ  ညယေး  အဲ့တာ စီးချင်တယ်"

အလယ်မှာ မစ်ကီမောက် ပုံလေး ကို ရထားပတ်နေတဲ့ နေရာကို လက်ညှိုးထိုးပြပြီး သားဖြစ်သူက ဆိုလာသည်။သူ့အရွယ် ကလေးတွေ စီးနေတာမြင်တော့ ကမ္ဘာညရောင် လေးလည်း စီးချင်နေပုံရသည်။

"ဟုတ်ပြီဗျာ ဒယ်ဒီ့ သားလေး သဘောအတိုင်းဖြစ်စေရမယ် "

ဦးစေက သားကိုပွေ့ချီကာ ရထားနားသွားလိုက်သည်။ရထားက ‌အတွဲသေးသေးလေးကိုမှ တစ်နေရာတည်းကိုပဲပတ်နေ‌တာကြောင့် ကလေးများအတွက်စိတ်ပူစရာတော့မလိုပေ။

မကြာမီ အတွဲပြန်ဆိုက်၍ ကလေးများပြန်ထွက်လာကြသည်။မထွက်ချင်သော ကလေးများကလည်း ဂျီကျနေပြန်သည်။

ကမ္ဘာညရောင်လေးလည်း ရထားပေါ်ရောက်သည်နှင့် ကလေးတို့သဘာဝအတိုင်း အထူးအဆန်းဖြစ်နေမှုကိုသဘောကျနေသည်။

My Dear Second Husband Onde histórias criam vida. Descubra agora