"မိုးတွေဆွေနေတယ်"
"အင်း မိုးရွာေတာ့မယ်နဲ့တူတယ် မောင်အလုပ်မသွားတော့ဘူးနော်"
ထိုစကားကို ဦးစေက ညရောင်ကိုအေနာက်ကဖက်ရင်းဆိုသည်။ညရောင်နဲ့ဦးစေတို့၏အခြေအနေကစတွေ့ခါစထက် ပိုပြီးကောင်းမွန်လာသည်ဟုဆိုရမည်။အရင်ကဆို ညရောင်က ဦးစေ၏ထိတွေ့မှုများကို လက်မခံဘဲငြင်းဆန်တတ်သည်။ တစ်ယောက်နဲ့တစ်ယောက်ပိုပြီးရင်းနှီးလာတဲ့နောက်ပိုင်း ညရောင်ကဦးစေကိုအလိုက်သင့်ဆက်ဆံလာသည်။
"မင်းအလုပ်မသွားရင် အရေးကြီးအစည်းအဝေးတွေကိုဘယ်လိုလုပ်မလဲ"
"ရောင်ကအဲ့အရေးကြီးအစည်းအဝေးတွေထက်ပိုအရေးကြီးတယ် မောင့်အတွက်တစ်ရက်လောက်ကုမ္ပဏီမသွားလိုက်လို့ဘာမှထူးပြီးဆုံးရှုံးစရာမရှိဘူး"
ညရောင်ခပ်ဖွဖွရယ်သည်။ဦးစေကတခြားသူတွေနဲ့ဆိုသာ ရေခဲတုံး။ညရောင်ရှေ့ရောက်ရင် စကားကအရမ်းတတ်။
"ဟုတ်ပါပြီ မင်းချမ်းသာမှန်းငါသိပါတယ် ဒါပေမယ့် အပျင်းမထူပါနဲ့သွားလိုက်ပါ "
"တစ်ရက်တည်းပါ တစ်ရက်တည်းလေ နော်"
"အဲ့တစ်ရက်ကိုခွင့်ပြုလိုက်ရင်နောက်တစ်ခါလည်းအဲ့လိုပြောဦးမှာပဲမလား ကုမ္ပဏီရဲ့ဒုဥက္ကဌက အလုပ်တွေအဲ့လောက်ပျက်နေရင် ဘယ်လက်အောက်ငယ်သားကကြည်ဖြူမှာလဲ ဦးစေရဲ့"
"သူတို့ကြည်ဖြူဖို့မလိုပါဘူး ရောင်ကြည်ဖြူရင်ရပြီ အဲ့ကုမ္ပဏီဒေဝါလီခံသွားလည်းကိစ္စမရှိဘူး မောင့်မှာရောင်ရှိသေးတာပဲ နော် မောင်ကရောင့်ကိုဝမ်းခါးလှအောင်ရှာကျွေးမှာပါ"
ညရောင်အသံထွက်၍သာရယ်မောမိလိုက်သည်။
"နေစမ်းပါဦး ဘာလို့အဲ့လောက်အလုပ်မသွားချင်ရတာလဲ"
"မိုးအေးအေးမှာရောင်လေးနဲ့အခန်းပြင်မထွက်ဘဲ ကုတင်ပေါ်မှာချွေးထုတ်တမ်းကစားချင်လို့"
"ဦးစေနော် ပြောင်ချော်ချော်မလုပ်နဲ့ သွား အခုအလုပ်သွား"
ဦးစေကတော့မျက်နှာကြီးရှုံ့မဲ့ကာ ခေါင်းမာနေသည်။
ဒီကလေးကြီးကိုဘယ်လိုလိမ္မာအောင်ဆုံးမရမှာပါလိမ့်နော်။
BẠN ĐANG ĐỌC
My Dear Second Husband
Lãng mạnStart date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။