Hate That(Taegyu-1)

680 29 2
                                    

လိမ္မော်ရောင်သန်းနေတဲ့ ကောင်းကင်ကြီးက အိပ်တန်းတက်ရန် ပျံသန်းလာတဲ့ငှက်ကလေးတွေနှင့်အတူ လှပနေသည်။ ကားထဲက ရေဒီယိုကိုဖွင့်လိုက်တော့ IUရဲ့ Eightသီချင်းလေးကအချိန်ကိုက်ပွင့်လာ​၏။ အလုပ်ဆင်းချိန်ဖြစ်တာမို့ သီချင်းနားထောင်ရင်း ကားတန်းအရှည်ကြီးကြား စိတ်ရှည်ရှည်စောင့်နေမိသည်။ အလုပ်ဆင်းချိန်ဆို ကောင်းကင်ကြီးကိုငေးကြည့်ရင်း သီချင်းငြိမ့်ငြိမ့်လေးနှင့် ကားမောင်းရသည်ကို သိပ်သဘောကျ​၏။ ရေဒီယိုက သီချင်းကိုနားထောင်ရင်း အေးအေးဆေးဆေးမောင်းလာခဲ့သည်မှာ ကားပါကင်က်ို ဘယ်လိုရောက်လို့ ရောက်လာမှန်းတောင်မသိလိုက်။

အချိန်အားဖြင့် ခုနစ်နာရီဝန်းကျင်မို့ ကားပါကင်မှာ နေရာသိပ်မကျပ်သေး။ ထုံးစံအတိုင်း ကားပါကင်ထိုးနေကျနေရာမှာပဲ ကားကိုထားခဲ့ပြီး သူ့ရဲ့ အိတ်အညိုလေးကိုကိုင်ကာ ဓာတ်လှေကားတစ်လျှောက် တက်လာခဲ့သည်။ အခန်းနံပါတ် 256ကိုရောက်တော့ တံခါး password ကိုနှိပ်ကာ ဝင်လာတော့ ဧည့်ခန်းမှာထိုင်နေတဲ့သူတွေကြောင့် အနည်းငယ်လန့်သွားသလို။

"အော်..ထယ်ယွန်းလေး ပြန်လာပြီလား"

"ဟုတ်....အဖေတို့ရောက်နေတာပဲ"

အလုပ်ကိစ္စနဲ့အမြဲ ခရီိးထွက်နေကြတဲ့ အဖေနဲ့အမေက သူ့ apartmentကိုရောက်လာတာတဲ့လေ။ ဘာကိစ္စကြောင့်လဲ မသိပေမဲ့ သူ့အိတ်ကို ဆိုဖာပေါ်ချကာ အရင်ဆုံးထိုင်လိုက်သည်။

"သားကို အရေးတကြီးပြောစရာရှိလို့ ဝင်ခဲ့တာ....သိပ်မအားပေမဲ့ မျက်နှာချင်းဆိုင်ပြီး ပြောရမဲ့ကိစ္စမို့လို့"

မစ္စတာဂန်က နာရီကိုတကြည့်ကြည့်နှင့်။ အချိန်ဆွဲချင်သော်လည်း ချက်ချင်းပြောရမည့်ကိစ္စကလဲဖြစ်နေသည်။ လင်မယားနှစ်ယောက် သူအရင်ပြော ကိုယ်အရင်ပြောနှင့် မျက်စပစ်နေကြတာ အတောမသတ်တော့။ ထယ်ယွန်းလဲ စောင့်ရတာ စိတ်မရှည်တော့တာမို့

"ဖေဖေနဲ့ မေမေ ဘယ်သူပြောမှာတုန်း အရင်ညှိပြီးမှ သားကိုပြောတော့"

မစ္စဂျွန်လဲ သူ့ယောကျ်ားကို မျက်စောင်းထိုးလိုက်ပြီး သူ့အိတ်ထဲက နာမည်ကဒ်ကိုထုတ်ကာ ထယ်ယွန်းကိုပေးလိုက်သည်။

TXT SHORT STORYWhere stories live. Discover now