Brown Sugar Butterလေးကို Extra လိုချင်ကြတယ်ဆိုလို့ လက်ဆောင်ပိစိလေး(🔅)ပါထည့်ပြီးရေးပေးထားပါတယ်။
အဆင်မပြေဘူးထင်ရင်မဖတ်ပါနဲ့ or မကြိုက်တာရှိခဲ့ရင်လဲ ပြန်ဖျက်ပေးပါ့မယ်။"အူးဝါး လာဗန်ဒါကိတ်လေး ရောက်လာပြီ!!!!!"
လာဗန်ဒါကိတ်ကလေးက စားစရာတော့မဟုတ်။ လာဗန်ဒါရနံ့ရှိသည့် alphaနှင့် brown sugar butterရနံ့ကိုပိုင်ဆိုင်ထားသည့် omega တို့၏ ကိုယ်ပွားလေးဖြစ်သည်။
လာဗန်ဒါကိတ်လေးလို့ လူသိများသည့်ကလေးငယ်က အာပါးနှင့်ဆင်တူသည့် အနက်ရောင်ဆံနွယ်လေးတွေက်ိုပိုင်ဆိုင်ထားပြီး မျိုးရိုးအရတော့ ပါပါး၏ alphaမျိုးရိုးကို အရယူထားသူ။
လှပပြီးပျော်ရွှင်ခြင်းကို ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ်ရသည့် Cho Heeဆိုသောနာမည်လေးက လာဗန်ဒါကိတ်ကလေး၏ လက်တွေ့ဘဝနှင့် ထပ်တူကြနေသေးသည်။
"ပါပါး သမီးလှလား"
ဂါဝန်အဖြူကားကားလေးကို ဖြန့်ကားရင်း တစ်ပတ်လှည့်ပြသည့် Cho Heeလေးက သူ့ပါပါးလိုမျိုး ပါးချိုင့်နက်ကလေးထင်းသည်အထိရယ်လျက်။
ကလေးငယ်က သူ့အာပါးနှင့်ပိုတူသည်မို့ အလှကလဲကြိုက်သေးသည်။ ထို့နောက် ဆူဘင်းမှာ တစ်ဦးတည်းသောသမီးလေးကို လွယ်အိတ်လွယ်ပေးရင်း
"လှတာပေါ့ ပါပါးရဲ့ လာဗန်ဒါကိတ်ကလေးက ဒီလောကကြီးမှာ အလှဆုံးပဲ" "ကိတ်ကလေးရဲ့ အာပါးပြီးရင်ပေါ့"
အဖေဖြစ်သူ၏စကားကြောင့် ပါးစပ်မှာ နားရွက်အထိတက်ချိတ်မတတ်ပြုံးပျော်နေသော်လည်း ထပ်တိုးလာသော စကားကြောင့် နှုတ်ခမ်းမှာ စူသွားပြီး
"ပါပါးက မုန်းစရာကြီး!" "အာပါးနဲ့ယှဉ်တိုင်း ကိတ်ကိတ်ကို ဒုတိယအလှဆုံးလုပ်ပစ်တာ"
ဖြောင့်စင်းနေသည့်အနက်ရောင်ဆံသားပေါ်က ဖဲပြားပန်းရောင်လေးကို ဆော့ကစားရင်း စိတ်ကောက်ပြနေသည့်ကလေးငယ်က သူ့အာပါးနှင့်ချွတ်စွပ်။
ဆူဘင်းတစ်ယောက် ကလေးကို စ,မယ်သာ စ,လိုက်ရသည်၊ ပြန်မချော့တတ်တော့သည်မို့ မူကြိုရှေ့မှာရပ်ရင်း ဟိုကြည့်ဒီကြည့်လုပ်လိုက်မိ၏။
![](https://img.wattpad.com/cover/339474148-288-k446151.jpg)
YOU ARE READING
TXT SHORT STORY
FanfictionThis is the collection of TXT short stories which includes OTP and OC.