Song Recommendation - Replay covered by TOMORROW X TOGETHER
"Morning ပါဗျာ~"
ရုံးကဝန်ထမ်းတွေကို အမြဲတမ်းနှုတ်ဆက်လေ့ရှိတဲ့ ဆူဘင်းက ယနေ့မှာလဲ ထုံးစံအတိုင်း နှုတ်ဆက်ကာ သူ့ယဲ့အလုပ်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"Morning ပါ ဆူဘင်းshii"
"ဒီနေ့ စိတ်ကြည်နေတဲ့ပုံပဲနော်""အာ...အဲ့လိုဖြစ်နေတာလား ဟီးဟီး"
"သတင်းကောင်းရှိလို့လား ဆူဘင်းshi?"
"သိတဲ့အတိုင်းလေ ဒီနေ့အလုပ်လုပ်တာ တစ်လပြည့်ပြီဆိုတော့ ပထမဆုံးလစာရမဲ့နေ့မို့လား" "နည်းနည်းရင်တုန်နေတာ" "ပထမဆုံးလစာဆိုတာ ဒီလိုမျိုးစိတ်လှုပ်ရှားစရာကောင်းတာပါလားလို့တွေးရင်း ပျော်နေတာနေမယ်"
"ဟုတ်သား....ဆူဘင်း အလုပ်ဝင်တာ တစ်လတောင်ရှိပြီနော်" "စာမေးပွဲအတွက်ကော သေချာပြင်ဆင်နေရဲ့လား" "အလုပ်ကော ကျောင်းစာတွေကောဆိုတော့ တော်တော်လေးစိတ်ဖိစီးမယ်ထင်တယ်..."
"အဲ့လောက်ကြီးမဟုတ်ပါဘူး...ပိစိလေးပင်ပန်းရုံပါ"
ဆူဘင်းမှာ ရယ်ရယ်ပြုံးပြုံးနှင့် သူတို့ရဲ့စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး ဖုန်းကိုဖွင့်လိုက်သည်။ ထို့နောက် Familyလို့ နာမည်ပေးထားတဲ့ group chatထဲဝင်ပြီး စာတချို့ကိုရိုက်ကာ ပို့လိုက်၏။
"ဆူဘင်း shi?"
အနောက်ကထွက်လာတဲ့အသံကြောင့် ဖုန်းကိုစားပွဲပေါ်ချကာ လှည့်ကြည့်လိုက်ပြီး
"ဟုတ်ကဲ့ ဇယ်ရာ shi"
"ရုံးခန်းထဲ ခဏလာခဲ့ပါဦး"
"ဟုတ်ကဲ့ဗျ"
ဘာအကြောင်းရှိလို့ခေါ်မှန်းမသိပေမဲ့ သူ့ဘက်ကတော့ စကားမမှားအောင် အတော်လေးထိန်းနေရသည်။ ဟိုတစ်ခေါက် အရက်မူးတဲ့ကိစ္စနှင့်ဆက်စပ်ပြီး ဇယ်ရာ့ဘက်က သူ့ကိုတစ်ပတ်တောင်ရှောင်ခဲ့သည်လေ။ အလုပ်စစဝင်ချင်းမှာပဲ အလုပ်ရှင်ဆီကရှောင်တာခံလိုက်ရသည်မို့ လက်တွေ့လုပ်ငန်းခွင်မှာလဲ တော်တော်လေးရုန်းကန်လိုက်ရသဖြင့် ဇယ်ရာနှင့်အဆင်ပြေမှရမည်ဆိုသောအချက်ကို နားလည်သွားပုံ။
![](https://img.wattpad.com/cover/339474148-288-k446151.jpg)
YOU ARE READING
TXT SHORT STORY
FanfictionThis is the collection of TXT short stories which includes OTP and OC.