Brown Sugar Butter(Soojun-2)

253 27 22
                                    

ယနေ့မှာ လစာပေးရက်ဖြစ်သည်မို့ အားလုံးအတွက် သာယာသည့် မနက်ခင်းဖြစ်နေပေမဲ့ သခင်လေးချွဲယောန်ဂျွန်းတို့ကတော့ တွန့်ကြေနေသည့်pajamasကိုဝတ်ကာ မှန်တင်ခုံရှေ့ မှုန်ကုတ်ကုတ်ဖြစ်စေစဲ။

"ရှီးဘားလ်!!!! ချွဲဆူဘင်း!!!!! မင်းကများရာရာစစ"

"ခင်-ခင်ဗျာ...ကျွန်တော့်ကိုခေါ်လိုက်သေးလား"

နားစွန်နားဖျားကြားပြီး အခန်းထဲကိုအလန့်တကြားဝင်လာသည့်အတွင်းရေးမှုးက မျက်တွင်းဟောက်ပက်နှင့်။ သခင်လေးယောန်ဂျွန်း အူဝဲဆိုသည့်အရွယ်ကတည်းက ထိုအိမ်တော်မှာ တာဝန်ထမ်းဆောင်ခဲ့သည်မို့ ယောန်ဂျွန်း​၏အကျင့်များကို နောကျေနေပေမဲ့ ယခုထိ ဘာအသံကြားကြား သူ့ကိုခေါ်သည်ဟု ထင်နေသည်ကို ဖျောက်မရနိုင်ခဲ့။

"မခေါ်ဘူး မင်းကို! ထွက်သွား!!!!"

အတွင်းရေးမှူးကို မျက်စောင်းထိုးရင်း လက်တစ်ဖက်ကလဲ တံခါးပေါက်ကို ညွှန်ပြကာ ထပ်အော်လိုက်တဲ့ဒေါသအိုးလေးက သနားစရာအတွင်းရေးမှူးလေး​၏ လိပ်ပြာကိုလွင့်သွားစေသည်။ သို့ရာတွင် ဘာသာတရားကိုင်းရှိုင်းသည့်ကိုယ်တော်ချောက လည်ပင်းမှာဆွဲထားသည့် လက်ဝါးကပ်တိုင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း

"အဖဘုရားခင်ကယ်တော်မူပါ....ကျွန်တော်တို့ သခင်လေး စိတ်ရူးပေါက်နေပြန်ပါပြီ....အဖဘုရားသခင်ကယ်တော်မူပါ"

သူ့ကိုအရူးခေါင်းစဉ်အောက်မှာထား၍ ပွစိပွစိပြောကာ အခန်းထဲကထွက်သွားသည့်သူကို စိတ်တိုပေမဲ့ ထိုသူထပ် ချွဲဆူဘင်းဆိုတဲ့ alpha ကောင်ကိုပိုပြီး စိတ်တိုနေသည်မို့ ဘာမှထပ်ပြီး မတုန့်ပြန်လိုက်။

ထို့နောက် ယောန်ဂျွန်းမှာ မှန်ထဲကသူ့ရဲ့မျက်နှာချောချောကို ကြည့်ရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ပြီး

"စိတ်လျှော့ စိတ်လျှော့....မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာလို့မဖြစ်ဘူး...အသက်ကိုပုံမှန်လေးရှူပြီး စိတ်ကိုအေးအေးလေးထား-"

"သခင်လေး!!!!"

"ဘာတုန်း!!!!!"

အခန်းတံခါးမခေါက်ပဲ အလောတကြီးဝင်လာသည့်သူကြောင့် လျော့ခါစပြုနေသည့် ဒေါသများက ငယ်ထိပ်ကို ထောင်းခနဲပြန်တက်လာခဲ့သည်။ သူအော်ချင်တိုင်း အော်ပြီးခါမှ မျက်နှာပေါ်က အရေးအကြောင်းများအတွက် စိတ်လျှော့ရမည့်အရေးကို သတိပြန်ရသွားပြီး အသံကို ပုံမှန်အတိုင်းလျှော့ချကာ

TXT SHORT STORYWhere stories live. Discover now