ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာမို့ အိပ်ရေးဝဝအိပ်လိုက်ရသည်။ အိပ်ရေးဝသည်ဆိုသော အသုံးအနှုန်းကို သုံးလို့ရပါ့မလား မသိပေမဲ့ မနေ့ကတော့ ယောန်ဂျွန်းရဲ့ ဆိုင်မှာ တော်တော်လေးကြာသွား၏။ မနက် သုံးနာရီထိုးခါနီးလောက်မှ အိမ်ပြန်ရောက်ပြီး အဝတ်အစားတောင် မလဲနိုင်ပဲ အိပ်ရာထဲထိုးအိပ်လိုက်သည်မှာ အခုထိပင်။ မျက်နှာကို အိပ်ရာနှင့်စောင်ကြားထဲအပ်ထားရင်း လက်က စားပွဲပေါ်ကမှန်ကို ရမ်းသန်းမှန်းသန်းနှင့် လှမ်းယူလိုက်သည်။ ထို့နောက် စောင်ပုံကြားထဲက သူ့ခေါင်းကိုအတင်းအားယူကာထောင်လိုက်ပြီး မှန်ကိုကြည့်တော့ မျက်ကွင်းညိုမနေ။ အဲ့တော့မှ မှန်ကိုလွှတ်ချပြီး သက်ပြင်းချကာ စောင်ကြားထဲ ခေါင်းပြန်စိုက်သွားသည်။
"ဟူး...တော်သေးတာပေါ့...."
စိတ်ထဲနည်းနည်းထိုင်းမှိုင်းနေတာမို့ ဆက်အိပ်ဖို့လုပ်ပေမဲ့ ဆက်တိုက်မြည်နေတဲ့ vibration သံကသူ့ကို အိပ်ခွင့်မပေး။ ထယ်ယွန်းတစ်ယောက် အိပ်ရာပေါ်ငုတ်တုတ်ထိုင်လိုက်ပြီး ဆံပင်တွေကို ဖွကာ
"အား! စိတ်ရှုပ်လိုက်တာ တကယ်ပဲ!"
သူ့အိတ်ထဲက ဖုန်းကိုယူပြီး screenကိုကြည့်လိုက်တော့ 'Gyu'ဆိုတဲ့ နာမည်လေးက အသဲပုံအဝါလေးနှင့်။ ခုနကစိတ်တိုနေသည့်သူက သူမဟုတ်သလိုပင်။ မျက်နှာကအရောင်တွေလက်နေသလို တောက်ပသွားပြီိး နှုတ်ခမ်းပေါ်က အပြုံးတွေဟာလဲ ထိန်းမရ။ ဖုန်းမကိုင်ခင် ချောင်းဟန့်ကာ လည်ချောင်းရှင်းပြီး အိပ်ချင်မူးတူးအသံကိုဖြေဖျောက်လိုက်သည်။
"ဟယ်လို"
"ဖုန်းခေါ်နေရင် ချက်ချင်းကိုင်မှပေါ့!"
တဖက်သူရဲ့အော်သံကြောင့် သူ့မျက်နှာပေါ်က အပြုံးရိပ်လေးအနည်းငယ်ညှိုးသလိုဖြစ်သွားသည်။
"တောင်း-တောင်းပန်ပါတယ်...အိပ်ပျော်နေတာ"
"ဘာ! အိပ်ပျော်နေတယ်ဟုတ်လား! မင်းက ငါ့စကားကို အလေးမထားတာပဲ! မင်းကို ဒီနေ့ ငါ့သူငယ်ချင်းတွေနဲ့တွေ့ရမယ်လို့ပြောထားတယ်လေ! အဲ့တာတောင် မင်းက အိပ်လို့ကောင်းနေတုန်း ဟုတ်လား!"

YOU ARE READING
TXT SHORT STORY
FanficThis is the collection of TXT short stories which includes OTP and OC.