Song Recommendation - Deep Down by TOMORROW X TOGETHER
သူ၏ဦးခေါင်းခွံအပေါ်တွင် ဖုထစ်နေသည့်အရာတစ်ခု တည်ရှိနေသည်။ ထိုအရာမှာ မနေ့တစ်နေ့ကမှပေါ်ပေါက်လာခြင်းမဟုတ်၊ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းကတည်ရှိနေခြင်းဖြစ်သည်။
လက်ဖြင့်စမ်းကြည့်ရင်လဲ ဆုပ်ကိုင်မပြနိုင်ပါပဲနှင့် ထိုအရာရဲ့တည်ရှိမှုကို စိတ်ထဲကခံစားမိခြင်းသာ။ ဘယ်သူမှမမြင်ရပေမဲ့ သေချာတာတစ်ခုကတော့ ထိုအဖုအထစ်က အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်းကြီးထွားလို့လာခဲ့၏။
"တီတီ တီတီ တီတီ"
ကုတင်ဘေးမှာတည်ရှိသည့် အဖြူရောင်စားပွဲပေါ်ကလာသောအသံဖြစ်သည်။ အဝါရောင်နာရီအဝိုင်းလေးက လှပသည့်အသွင်ဆောင်နေသော်လည်း ထွက်လာသောအသံကစိတ်မနှစ်မြို့စရာ။
ကောင်းကောင်းမွန်မွန်အိပ်မပျော်သည့်ရက်တွေလဲအတော်များခဲ့ပြီမို့ နှိုးစက်သံကြားတာနှင့်တန်းနိုးလာခဲ့သည့်သူက ကြမ်းပြင်ပေါ်ဖြာကျနေသည့် နေရောင်ကို တော်တော်ကြာငေးကြည့်နေမိသည်။ ရွေ့လျားမှုမရှိပဲ တည်ငြိမ်နေတဲ့အရိပ်က သူ့ဘဝလိုပဲ တိတ်ဆိတ်နေပါလား။
သို့ရာတွင် သူ့ရဲ့ရုံးခန်းကတော့ တိတ်ဆိတ်မှုကိုဆန့်ကျင်နေခဲ့သည်။
"အားလုံးပဲ သတိကပ် သတိကပ်!!!"
ကပိုကရိုနှင့် ရုံးထဲအပြေးဝင်လာတဲ့သူက အရေးကြီးသောသတင်းတစ်ခုကိုသယ်ဆောင်လာသလို၊ တခြားသူတွေကလဲ Laptop ကိုအာရုံစိုက်နေရာမှ ထိုသူ့ဆီမြားဦးလှည့်လာပြီး
"ဘာတဲ့လဲ" "ဘာတဲ့လဲ"
ကမန်းကတန်းမေးလိုက်သည့်မေးခွန်း၏အနောက်မှာ အဖြေကချက်ချင်းထွက်မလာ။ နဖူးတဝိုက်မှာချွေးစေးတွေထွက်သည့်ထိုသူက ရုံးခန်း၏အလယ်မှာရပ်ရင်းအမောဖြေလိုက်ပြီးနောက်
"ဒါ-ဒါရိုက်တာဂန်..." "ဒါရိုက်တာဂန်ကို coffee ဆိုင်မှာတွေ့လိုက်တယ်"
ဝင်ပေါက်တံခါးကိုလက်ညှိုးထိုးပြရင်း အမောဖြေရင်းပြောနေသည်မို့ စကားမှာအဆုံးထိထွက်မလာသေး။
YOU ARE READING
TXT SHORT STORY
FanfictionThis is the collection of TXT short stories which includes OTP and OC.