အေးစိမ့်သည့်လေပြေလေးက အဖြူရောင်အတိပြီးနေသော အခန်းကျယ်ထဲ ပြန့်လွင့်လို့လာခဲ့သည်။ အဖြူထည်စောင်အထူကြီးထဲ နစ်မြုပ်နေသူ ပန်းနုရောင် omegaလေးကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဲ။
နဖူးပေါ်တွင် ရစ်ဝဲနေသည့် အနက်ရောင်ဆံနွယ်လေးများနှင့် ငိုထားသည့်အရှိန်ကြောင့် ဖောင်းအစ်နေသည့်မျက်ဝန်းလေးများကအစ ဆူဘင်း၏ နှလုံးခုန်သံစည်းချက်တစ်ခုချင်းစီကို ကိုင်လှုပ်နိုင်သည့် လက်နက်တစ်ခုလိုတည်ရှိနေ၏။
ဆူဘင်းမှာ နို့နှစ်ရောင်အသားအရေပေါ်က ခရမ်းရောင်သန်းနေသည့်အမှတ်အသားများကိုကြည့်ရင်း အနည်းငယ်ပြုံးမိသွားသည်။ ထိုအမှတ်အသားတစ်ခုချင်းစီကို လက်ဖျားဖြင့် ထိတွေ့လိုက်တော့ အိပ်မောကျနေသည့်ကလေးငယ်က အနည်းငယ်လှုပ်လာ၏။
"ထတော့လေ မောင်ရဲ့...ကိုယ်နဲ့အလုပ်အတူသွားရမယ်မို့လား"
ဆူဘင်း၏စကားကိုကြားသည့်တိုင် မျက်လုံးတွေကိုခပ်တင်းတင်းပိတ်ထားသည့်သူက အလုပ်သွားရန် အပျင်းတက်နေမှန်းသိသာပါသည်။ ယောန်ဂျွန်းမှာ စောင်အစကိုဆွဲယူပြီး မျက်နှာကိုအုပ်ကာ ဆက်အိပ်နေစဲမို့ ဆူဘင်းမှာလဲသည်းခံစိတ်ကိုဆက်ပြီး မထိန်းသိမ်းနိုင်တော့။
စောင်အထူကြီးထဲနစ်မြုပ်နေသည့်ကလေးငယ်ကို ပွေ့ဖက်လိုက်ပြီး
"မောင်အိပ်ရာက ထမယ်ဆို မောင်ကြိုက်တဲ့ mintchocoဝယ်ကျွေးမယ်လေနော်~"
"ဆူဘင်းနီးပါ လိုက်စားပေးရမယ်"
စောင်ကြားထဲက ခေါင်းပြူကာထွက်လာသည့်ကလေးငယ်က ဘယ်တော့မှ တောင်းဆိုမှုတစ်ခုထဲနှင့်အဆုံးသတ်မသွား။
mintchoco ice creamကို သိပ်မကြိုက်သည့် ဆူဘင်းအတွက် ထိုအရာက challenging ဖြစ်မယ်ဆိုတာကြိုသိနေသောကြောင့် စိန်ခေါ်ခြင်းလဲဖြစ်နိုင်သည်။
သို့ရာတွင် ဆူဘင်းမှာ နှုတ်ခမ်းဖူးဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီး
"မောင်က စားစေချင်တယ်ဆိုရင် လိုက်စားပေးမှာပေါ့"
"အဲ့တာကြောင့် အခုထတော့နော်~ ကြောင်ပေါက်ကလေး"
![](https://img.wattpad.com/cover/339474148-288-k446151.jpg)
YOU ARE READING
TXT SHORT STORY
ФанфикThis is the collection of TXT short stories which includes OTP and OC.