Home 숩 (Soobin×OC) Part-2

47 4 0
                                    

"ဘာလို့ အခုထိမလာသေးတာလဲ....."

စောင့်ရတာကိုစိတ်မရှည်တဲ့တစ်ယောက်သောသူက နာရီကိုကြည့်ရင်း ဆူပုတ်လို့။ သူ့ရှေ့က ကော်ဖီခွက်ကလဲ အေးစက်စပြုနေပြီဖြစ်သလို၊ အတန်းစမည့်အချိန်ကလဲ တဖြည်းဖြည်းနီးလာခဲ့ပြီဖြစ်သည်။

"ဆောတီး ကားတွေတအားပိတ်နေလို့"

လောလော လောလောနှင့်ရောက်လာတဲ့သူက အရှေ့ကသူရဲ့ မျက်နှာရိပ်မျက်နှာကဲကိုမကြည့်နိုင်သေး။ နဖူးပေါ်ရစ်ဝဲနေတဲ့ဆံနွယ်တွေကိုတစ်ချက်သပ်လိုက်ပြီး သူ့အရှေ့က ထိုင်ခုံမှာထိုင်ထိုင်ချင်းပဲ စကားစလိုက်သည်။

"သဘောတူတယ်မို့လား ဆူဘင်း shi?"

ရောက်ရောက်ချင်း အလုပ်ကိစ္စတန်းပြောလိုက်တဲ့ပုံစံက တကယ် တစ်ဦးတည်းသော သမီးပီသပါပေတယ်။ တစ်ဖက်သူရဲ့စိတ်ကိုထည့်မတွေးပေးတတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့တစ်ဉ်ီးတည်းသောသမီး စရိုက်ပေါ့။ ဆူဘင်းမှာ သူ့ရဲ့စကားကိုကြားကြားချင်း စိတ်ဆိုးစွာဖြင့် စကားတွေအကုန်ထုတ်ပြောလိုက်ချင်ပေမဲ့ သူ့ဘက်က စိတ်ဆိုးနေစဲမို့ ဘာမှပြန်မဖြေခဲ့။

"ဟောလ်...." "ခေါ်တုန်းကခေါ်ပြီး တအားကိုတိတ်ဆိတ်နေတာပဲနော်"

"ကျွန်တော် တိတ်ဆိတ်တာကိုပဲမြင်ပြီး တစ်နာရီလောက်နောက်ကျတာကျမမြင်ဘူးကိုး...ဇယ်ရာ shi~"

သူ့ဘက်ကတစ်ခွန်းပဲပြောလိုက်တာတောင် သူ့လိုတစ်ပုံစံတည်းပြန်ပြောတဲ့ကောင်လေးကြောင့် ဇယ်ရာတစ်ယောက် ခဏတာဆွံ့အသွားမိသည်။ ထို့နောက် အရှေ့ကိုချထားတဲ့ဆံပင်တွေကို သပ်လိုက်ပြီး

"ဒီမယ် ဆူဘင်းshi။ အခုကျွန်မနဲ့အလုပ်ကိစ္စညှိနှိုင်းချင်တာမဟုတ်ပဲ ရန်ဖြစ်ချင်နေတာလား"  "တစ်ခါလောက်ထ်ိုးကြမလား"

"ကျွန်တော့်ရုပ်က ဒီဘက်ကတစ်ယောက်ရဲ့အမြင်မှာ မိန်းကလေးတွေကို ထိုးတဲ့ရုပ်ပေါက်နေတာလား"  "ဒီလောက်ချောတဲ့မျက်နှာကလေ?"

သူ့ဘက်ကစကားဆုံးသွားတိုင်း ဆူဘင်းဘက်က ဆက်တိုက်ထွက်လာတဲ့ စကားတွေကြောင့် မာနအနည်းငယ်ထိခိုက်သွားသလိုခံစားမိသည်။ ဘယ်လောက်ပဲတော်တယ်ပြောပြော သူ့ထပ်ငယ်တဲ့ကောင်လေးက တစ်ခွန်းမကျန်ခံပြောနေတာတဲ့လား။

TXT SHORT STORYWhere stories live. Discover now