Arc 1.6

1.6K 109 7
                                    

Unicode

(ထန်လုချင်းကို ထန်မော့ရှင်းလို့ ပြောင်းထားပါတယ်နော်  နှစ်ရက်တစ်ခါမတင်ပေးနိုင်လို့ တောင်းပန်ပါတယ်ဗျာ တစ်ပတ်တစ်ခါဖြစ်သွားတဲ့အထိ update ကြာသွားလို့ တောင်းပန်ပါတယ်😌 )

ထန်မော့ရှင်း  သူနဲ့စေ့စပ်မဲ့ကောင်လေးကို သေချာအကဲခတ်နေမိသည် ။လူကြီးတွေစကားဝိုင်းကို  စိတ်မပါပဲ  တစ်ယောက်ထဲအတွေန်းလွန်နေတဲ့ထိုကောင်လေး  ရေချိုးပြီးကာစမလို့  နီရဲနေတဲ့ပါးမိုမိုလေးက အနမ်းတစ်ပွင့်လောက်သာချွေမိပါက ဘယ်လိုဖြစ်သွားလိမ့်မလဲ ? မထင်မှတ်ထားပါပဲထိုကောင်လေးကစေ့စပ်ပွဲလက်ခံခဲ့တာကြောင့် သူ(ထန်မော့ရှင်း ) ရင်ထဲပျော်ရွှင်သွားသည် ။ ငြိမ်သက်နေတဲ့သူ့နှလုံးသားကို  လှုတ်ခတ်မဲ့သူပေါ်လာပြီလား ။

စေ့စပ်ပြီး ထန်အိမ်တော်ကိုလိုက်နေဖို့ပြောတော့  ထိုကောင်လေးက သူ့အဖေကိုစိတ်မချတာကြောင့်လိုက်မနေချင်ဟန်။ စိတ်မပူပါနဲ့  ကိုယ်ကမင်းရော မင်းအဖေကိုရော စောင့်ရှောက်မှာပါ။

စေ့စပ်ပွဲပြီးသည်အထိ အတွေးလွန်နေတဲ့ ထိုကောင်လေးကို သူကပဲပွေ့ချီပြီး ကားပေါ်တင်ပေးလိုက်သည်။ ထိုအခါမှ သူ့ကိုအောက်ချဖို့အလန့်တကြားပြောလာသည်။ အစကတော့ ထိုကောင်လေးကိုအောက်ချ​​ပေးမလို့ပါပဲ သိုပေမဲ့ စချင်တာကြောင့် အနှောင့်သွားမလွတ်တဲ့စကားတချို့ကိုပြောလိုက်မိတော့ ထိုကောင်လေးကသူ့အားနှာဘူးပါတဲ့လေ။ အဟက် တကယ့်ကိုချစ်စရာလေး ။

ကားပေါ်ရောက်တော့ သူ့အားမျက်တောင်ပင်မခတ်အားပဲ ခရမ်းရောင်မျက်ဝန်းရွဲနှင့်ကြည့်နေသော အကောင်ပေါက်ကြောင့် သူပင်အနေခက်လာရသည်။ သဘာဝအလျှောကာကော့ညွှတ်နေတဲ့ မျက်တောင်မွှေးတွေ နှာခေါင်းလုံးလုံးလေး ဆေးအကူမပါတဲ့ နှုတ်ခမ်းသားလေးက ဆွဲဆောင်မူရှိလှသည်။ ကျော့ရှင်းလှပတဲ့ လည်တိုင်လေးကိုအကြည့်ရောက်မိပြန်တော့ ရေငတ်လာသလိုပင် ဖြူဖွေးသောအသားရေပေါ်တွင် အပြာရင့်ရောင် shirt ကို ဝတ်ဆင်ထားတာက ထိုကောင်လေးနှင့် အတော့်ကိုလိုက်ဖက်လေသည်။

သူ့လိုရေခဲတုံးရဲ့ နှလုံးကို အရည်ဖျော်နိုင်တဲ့သူတော့တွေ့ပြီ သူ့ဘဝထဲထင်မှတ်ပဲဝင်ရောက်လာတာမှန်ပေမဲ့ လင်လွှတ်ချင်လောက်တဲ့အထိ ဆွဲဆောင်နိုင်တဲ့ကောင်လေး ကိုယ့်အပိုင်ဖြစ်ဖို့ မွေးဖွားသေလား ကိုယ့်ကိုအရည်ဖျော်ခဲ့တဲ့မင်းကို ကိုယ့်ဘေးနားတစ်သက်လုံးနေဖို့ အပြစ်ပေးချင်မိပါရဲ့ *

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now