Part - 9 ( Unicode) ❗

64K 2.6K 54
                                    

အပိုင်း - ၉

အခန်းတွင်း စကားသံတို့ တိတ်ဆိတ်သွားလေတော့
သည်။ မကိုဋ်နဲ့ဒေါ်နွယ် မသိလိုက်တာတစ်ခုကတော့
အခန်းရဲ့အပြင်ဘက်မှာရှိနေတဲ့ ကောင်လေးတစ်ယောက်က
အခန်းထဲကလူနှစ်ယောက်ရဲ့စကားတွေကို မျက်ရည်တွေနဲ့
နားထောင်နေတယ်ဆိုတာပါဘဲ။

တစ်စုံတစ်ရာကိုမစွန့်လွှတ်နိုင်လို့ တစ်စုံတစ်ယောက်ကို
သိမ်းပိုက်လိုက်တယ်။ ကိုယ်ကမတောင်းဆိုခဲ့တဲ့
ဘဝတစ်ခုကိုပေးခဲ့ပြီး ဘာကြောင့်များနာကျင်စေသလဲ  ။

*
*
*
*
*
*
*
*

" အခန်းထဲကိုဘယ်အချိန်ပြန်ရောက်နေတာလဲ ၊
ကိုယ်တောင်မင်းကိုမတွေ့လို့ ဒေါ်နွယ်ကိုသွားမေးနေသေး
တာ၊ မင်းခြံထဲမှာလမ်းဆင်းလျှောက်နေတယ်ဆိုလို့
လာမခေါ်တော့တာ "

အခန်းထဲဝင်ဝင်ချင်းမှာပဲ ကုတင်ပေါ်မှာထိုင်နေတဲ့
ကောင်လေးကိုတွေ့လိုက်တာကြောင့် ကိုယ့်ဘက်ကပဲ
စကားစပြောလိုက်သည်။

" အခုလေးတင်ပြန်ဝင်လာတာပါ ၊ အပြင်မှာနည်းနည်း
အေးလာလို့ "

ဆောင်ဝင်စရာသီဥတုမို့ တကယ်လည်းအအေးဓာတ်ပိုကဲ
နေလေသည်။

" ရာသီဥတုက ညဘက်တွေဆိုနည်းနည်းအေးချင်တယ်
နောက်ရက်တွေခြံထဲဆင်းလမ်းလျှောက်မယ်ဆိုလဲ
အခုလောက်မိုးချုပ်အောင်မနေနဲ့ ခြံထဲမှာမီးတွေရှိပေမယ့်
ညဘက်ဆိုတာ မြွေပါးကင်းပါးသတိထားရတယ်
နောက်ပြီးမင်းကတစ်ခုခုဆိုရင် သူများတွေလို မြန်မြန်
ဆန်ဆန်ပြေးနိုင်တဲ့သူလဲမဟုတ်ဘူး အဲတော့ပိုပြီးဂရုစိုက်မှ
ရမယ်လေ ၊ငါပြောတာနားလည်လား "

" စိုးရိမ်တယ်ပေါ့ "

ကိုယ်က တကယ်စိုးရိမ်လို့ပြောလိုက်ပေမယ့် ပြန်မေးလာ
သည့်အသံနဲ့လေယူလေသိမ်းက နည်းနည်းတော့အချိုး
မပြေသလိုခံစားလိုက်ရသည်။

" မင်းကိုစိုးရိမ်လို့ပြောနေတာပေါ့ကွ ၊ မစိုးရိမ်မှဖြင့်
လေကုန်ခံပြောမနေဘူး ခွေးစားသားကျီးထိုးထိုး
ဒီတိုင်းလွှတ်ပေးထားလိုက်မှာ "

" အင်း ကျေးဇူးပါ "

မကိုဋ်လဲရေချိုးခန်းထဲဝင် ခြေလက်ဆေးပြီးတာနဲ့
ကုတင်ရဲ့တစ်ဖက်ခြမ်းမှာဝင်အိပ်လိုက်သည်။
သက်ထက်ပန်ကတော့ အခုထိထိုင်နေတုန်းမို့

My Husband Hates Me ( Completed )Tahanan ng mga kuwento. Tumuklas ngayon