အပိုင်း - ၁၅
" ကိုယ် မင်းကိုအရာအားလုံးအတွက် တောင်းပန်
တယ်နော် အရင်ကအထင်မှားမိတာတွေအတွက်ပါ တကယ်တောင်းပန်တယ် ၊ပြီးခဲ့တာတွေကိုမေ့လိုက်ပြီး ရှေ့ဆက်ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန်နေသွားရအောင် ၊ ကိုယ်ကလဲ မင်းကိုအများကြီးဂရုစိုက်ပေးမှာပါ "ကိုယ်ကစကားတွေပြောနေပေမယ့် ရင်ခွင်ထဲမှာရှိနေသူကအိပ်ပျော်သွားရှာပါပြီ။ ပါးဖောင်းဖောင်းလေးကို အသာနမ်းလိုက်ရင်း
" Good Night ပါ ကိုယ့်ကလေး ၊ ကောင်းကောင်း
အိပ်ပျော်ပါစေ "*
*
*
*
*
*
*
*အေးစိမ့်စိမ်လေထုကြောင့် အိပ်ပျော်ရာကနေ
နိုးလာရသည်။ ခါးအောက်ပိုင်းက အနည်းငယ်
နာကျင်နေတာမို့ သိပ်လဲမလှုပ်ရဲသေး ။ မျက်လုံး
ဖွင့်ကြည့်လိုက်တော့ ကိုယ့်ကို သူ့ရင်ခွင်ထဲထည့်ထားပေးပြီး တင်းကျပ်စွာဖက်ပေးထားတဲ့သူကိုတွေ့လိုက်ရသည်။ သူ့လက်မောင်းကို ခေါင်းအုံးမိထားတာကြောင့် လက်မောင်းများကျဉ်နေမလားတွေးမိရင်း ခေါင်းကိုနေရာရွေ့ဖို့ အသာလေးပြင်လိုက်မိတဲ့အခါ" အစောကြီးရှိသေးတာကိုနိုးနေပြီးလား ငြိမ်ငြိမ်လဲ
မနေဘူးကွာ "မျက်လုံးမဖွင့်ဘဲပြောလာသူကြောင့် ပြန်ငြိမ်နေမိရင်း
" နိုးသွားတာလား လက်ကျဉ်နေမှာစိုးလို့ဖယ်ပေးမလို့ပါ"
" လက်ကျဉ်ရအောင် မင်းကဘယ်လောက်ခန္ဓာကိုယ်ကြီးနေလို့လဲ ၊ လက်မောင်းပေါ် သစ်ရွက်လေးတင်ထားရသလောက်ရှိတာကို "
တစ်ဖက်ကပြောလာသည့်စကားကြောင့် ဘာပြန်ပြောရမယ်မှန်းမသိတာကြောင့် ပြန်ပြီးငြိမ်နေလိုက်မိတော့သည်။ ရုတ်တရက်ဆိုသလို ကိုယ့်ပါးတွေကိုဖိကပ်နမ်းရှိုက်ခံလိုက်ရပြီး
" နေကောင်းလား နာနေလား ညက ကိုယ်သေသေ
ချာချာသန့်ရှင်းရေးလုပ်ပေးပြီး ဆေးလဲလိမ်းပေးထားသေးတယ် "သူဆေးလိမ်းပေးထားတယ်ဆိုတဲ့စကားကြောင့် ရှက်မိသွားကာ မျက်နှာကိုသာဖွက်လိုက်မိတော့သည်။ ဒါကို ချက်ချင်းသတိထားမိသွားသူက မျက်နှာကိုအတင်းဆွဲမော့လာရင်း
VOUS LISEZ
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023