အပိုင်း - ၂၅
" တောင်းပန်တယ် ကိုကိုကတောင်းပန်ပါတယ်၊
ဒီ့ထက်စောပြီးရှာတွေ့ရမှာကို တကယ်တောင်းပန်ပါတယ်
ကိုကို့ကလေးလေးလန့်သွားမှာပေါ့ ၊ ပြီးသွားပါပြီ
မနက်ဖြန်ဆို ဒီအဖြစ်တွေက အိမ်မက်ဖြစ်သွားမှာပါ"" ကိုကိုလာပြန်ခေါ်လို့ တော်ပါသေးရဲ့ ၊ ဟုတ်ပါတယ်
မနက်ဖြန်ဆို ဒီအိမ်မက်ကပြီးသွားမှာပါ ၊အခုတော့
ကိုကိုလာခေါ်ပေးလို့ တကယ်ကိုတော်ပါသေးတယ် "*
*
*
*
*
*
*
*ကားထဲမှာပင် သူ့အဝတ်အစားတွေကိုပြန်ဝတ်ပြီးတာနဲ့
ငြိမ်သက်စွာထိုင်နေသည့်ကောင်လေးက စိတ်တွေ
တည်ငြိမ်နေပုံမရသေးချေ။ လူကငြိမ်နေပေမယ့်
မျက်လုံးတွေက ကားအပြင်ကို ဟိုဟိုဒီဒီငေးကြည့်
နေကာ သူ့လက်ချောင်းလေးတွေကိုလည်း အချင်းချင်း
ပွတ်သက်နေသေး၏ ။တစ်ဖျက်ဖျက်ခတ်နေသည့်
မျက်တောင်လေးတွေရဲ့အောက်ဖက်က မျက်ဝန်း
အကြည့်တွေက တစ်ချက်တစ်ချက် ကိုယ့်ဆီရောက်
လာသေးသည်။" ကိုကို့ကို ဘာပြောချက်လို့လဲသက်ထက်လေး
ပြောလေ "သူမေးချင်တာတွေကိုမေးပါစေဆိုတဲ့စိတ်နဲ့ စကား
လမ်းကြောင်းပေးလိုက်တော့လည်း ချက်ချင်းဆိုသလို
အကြည့်လွှဲသွားပြန်လေသည်။ ထိုအပြုအမူတွေကို
အကြိမ်အများကြီးလုပ်နေပြီး အိမ်နားကိုပြန်ရောက်
လာတဲ့အခါမှာတော့ ကိုယ့်လက်မောင်းတစ်ဖက်ကို
အသာကိုင်လာပြီး" ဒီမှာချထားပေးပါလား "
" ဟင် ဘာလို့လဲသက်ထက်ရဲ့ အိမ်ကိုရောက်တော့
မယ်လေ ၊ အိမ်ပြန်ပြီးနားကျရအောင်လေနော် ၊
သက်ထက်ဘယ်ကိုသွားချင်လို့လဲ ကိုကို့ကိုပြော
အေးအေးဆေးဆေးနားပြီးရင် လိုက်ပို့ပေးမယ် "" ဟင့်အင်း သူများလိုက်ပို့လို့မရဘူး တစ်ယောက်ထဲ
သွားမှရမှာ "ကိုယ့်မျက်နှာကိုကြည့်ရင်းပြောလာသည့်စကားသံက
အေးစက်စက် ။မျက်ဝန်းတွေက အသက်မဲ့နေသလိုမျိုး
ကြောင်စီစီ ။ ဒီအခြေအနေကိုမကြိုက်တဲ့ကိုယ်ကပဲ
သူ့လက်လေးတစ်ဖက်ကို အသာဆွဲယူလိုက်ကာ
ကိုယ့်လက်နှစ်ဖက်နဲ့ အုပ်မိုးဆုပ်ကိုင်ပေးထားရင်း
DU LIEST GERADE
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023