အပိုင်း - ၂ဝဋ်ကြွေးတွေသာပါလာရင်
ဘယ်လောက်ပဲရေစက်ဖြတ်ဖြတ်
သံသရာတစ်ကွေ့ကွေ့မှာ
ကျိန်းသေပြန်ဆုံတွေ့ရတက်တယ်လေ ။*
*
*
*
*
*
*
*" ဒုန်း! ! "
ကျယ်လောင်စွာမြည်ဟီးသွားတဲ့တံခါးဖွင့်သံကြောင့် အခန်းထဲရှိလူတွေအားလုံးလန့်သွားကြပြီး အသံကြားရဆီသို့
လှည့်ကြည့်လာကြသည်။ ဦးထက်အောင်နဲ့ဒေါ်နှင်းပန်းအိမ်တို့ရဲ့ကတော့ မကိုဋ်ကိုမြင်တာနဲ့မျက်နှာပျက်သွားရင်း" ဒီအချိန်ကြီး ဘာလာလုပ်တာလဲ မကိုဋ်ထွဋ်ခေါင် "
မျက်နှာတည်တည်နဲ့မေးလာတဲ့ အဖေ့ရဲ့အမေးစကားကို
ပြန်မဖြေသေးပဲ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ ကုတင်ဘောင်ပေါ် ကိုယ်တစ်ပိုင်းမှီပြီးထိုင်နေတဲ့သူဆီကိုသာ အရှိန်နဲ့ပြေးဝင်သွားလိုက်သည်။ အားအင်အပြည့်နဲ့လက်သီးက ထိုလူသားပေါ်မကျရောက်သေးခင်မှာပင် နောက်ကျောဆီကနေ
ကိုယ့်ကို သိမ်းကျုံးပွေ့ဖက်ထားတာကိုခံလိုက်ရပြီး" မကိုဋ်ထွဋ်ခေါင်!! မင်း အခုဘာလာလုပ်တာလဲလို့
ငါမေးနေတယ်လေ "ဒေါသကြောင့် ဘာစကားမှပြန်မပြောနိုင်သေးဘဲ အဖေ့လက်ထဲကနေသာ အားနဲ့ရုန်းထွက်နေမိ၏။ ဒေါ်နှင်းပန်းအိမ်က
တော့ ဘာဖြစ်နေမှန်းမသိတဲ့အခြေအနေတွင် သူ့သားကိုသာကာကွယ်ဖို့အသင့်ရှိနေသလိုမျိုး သူ့သားရဲ့ခန္ဓာကိုယ်ကို
သိမ်းကျုံးပွေ့ဖက်ထားလေ၏။ ကုတင်ပေါ်ကတစ်ယောက်က
တော့ ပြူးကျယ်ဝိုင်းစက်နေသောမျက်လုံးတွေနှင့် ကိုယ့်ကိုသာငေးကြည့်နေတာကို မုန်းတီးဖွယ်မြင်လိုက်ရလေသည်။
ကိုယ်က အဖေ့လက်ထဲကနေလွတ်အောင်ရုန်းကန်နေတဲ့အချိန် အားပြင်းပြင်းနဲ့ စောင့်တွန်းတာကိုခံလိုက်ရပြီး တမံသလင်းပေါ်ကို နောက်ပြန်လဲကျသွားရလေတော့သည်။
အဖေ့မျက်နှာက ဒေါသကြောင့်ရဲရဲနီနေလေပြီ။" သက်ထက်ပန်က နေမကောင်းဘူး မကိုဋ်၊ မတော်တဆမှုဖြစ်ထားတာအခုထိလမ်းမလျှောက်နိုင်သေးဘူး ၊ အဲဒါကို
မင်းကပါ ဘာလာဖြစ်နေတာလဲ ၊ ဘာဖြစ်နေတာလဲလို့
အဖေဖြစ်သူကမေးရင် ကောင်းကောင်းဖြေလိုက်ပေါ့ ၊
ကလေးက မင်းကိုကြည့်ပြီးလန့်နေရှာပြီ "
BINABASA MO ANG
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023