အပိုင်း - ၁၆
ကြည့်ထားလိုက်စမ်းပါ ။ ဒီလူက ကျွန်တော့်အပိုင်။
ဘယ်လိုအကြောင်းတရားတွေပဲရှိရှိ ဒီလူက
ကိုယ့်ရဲ့အပိုင်ပဲဆိုတာကို ဘေးနားမှာရှိနေတဲ့သူကို
မြင်သာအောင်ပြလိုက်နိုင်ရင်ကို ကျေနပ်နေပြီ။
နောက်ပြီး ကုမ္ပဏီမှာတုန်းကလို ကိုယ့်ကို နှင်မလွှတ်တာကို ပိုပြီးကျေနပ်သည်လေ။*
*
*
*
*
*
*
*" ကျေးဇူးပဲနော် ထက်မြတ် ၊ ကိုယ်တစ်ယောက်ထဲ
သာဆိုဒီနေ့မပြီးလောက်ဘူး ၊ အလုပ်ကအလျင်လို
နေပါတယ်ဆိုမှ လင်းမြတ်ကလဲခရီးသွားရတော့
ကိုယ်တော့သေပါပြီလို့တောင်တွေးနေမိတာ ၊ ထက်မြတ်လာကူပေးလို့တော်သွားတာ "" ရပါတယ် ကိုထွဋ်ရဲ့ ဒီအပိုင်းတွေကျတော့
ကိုလင်းမြတ်က ကျွန်တော့်ကိုတော်တော်ရှင်းပြပေးထားလေ၊ သဘောတရားတွေနားလည်ထားတော့ အခုလက်တွေ့ပြန်လုပ်တဲ့အချိန်မှာ လွယ်သွားတာထင်တယ် "ထက်မြတ်ဦးနဲ့စကားပြောနေရင်း အလုပ်တွေပြီးတဲ့အထိ ကိုယ့်ပေါင်ပေါ်မှာ ငြိမ်ပြီးထိုင်နေတဲ့သူကိုလည်းလှည့်ကြည်မိသည်။ကိုယ့်လည်ပင်းတွေကိုသိုင်းဖက်ထားရင်း ကိုယ့်ပခုံးပေါ် ခေါင်းတင်ကာ အိပ်ပင်ပျော်နေလေပြီ။ ဒီလိုပုံစံနဲ့များ အိပ်ပျော်နေရတယ်လို့ကွာ ။ခါးတွေနာကုန်တော့မှာပဲ ။သူဖြင့်တစ်လုံးမှနားမလည်တဲ့စာရင်းတွေလုပ်တဲ့နေရာလာထိုင်နေမှတော့ ပျင်းပြီးအိပ်ပျော်ပြီပေါ့။
" ကိုသက်ထက်ပန် အိပ်ပျော်နေပြီထင်တယ် "
" အဟွင်း! ! ပျင်းသွားတာရော မနက်ကအိပ်ရေး
မဝသေးတာပါပေါင်းပြီး အိပ်ချင်သွားတာနေမယ် ၊
သူကအိပ်ရမယ်သာဆိုရင်အစားမစားရလည်း ဖြစ်တဲ့လူစားမျိုး ၊ အအိပ်မက်တယ်"သဘောကျစွာပြန်ဖြေမိရင်း နှာခေါင်းလုံးလုံးလေးကို
ဖြေးဖြေးလေးညှစ်လိုက်မိသည်။ အသားအရေက
နူးညံ့လွန်းလို့ သူ့တစ်ကိုယ်လုံးဘယ်နေရာကိုထိထိ
ဝါဂွမ်းလေးကိုတို့ထိရသလိုမျိုး ခံစားရစေရ၏ ။" ကိုထွဋ်အတွက်တော့ လက်ထပ်ထားတဲ့အမျိုးသားဆိုတာထက် ကလေးလေးလိုဖြစ်နေမယ်ထင်တယ် ၊ဒီလောက်တောင်ချွဲတက်မှတော့ စိတ်ချမ်းသာစရာလေးတွေကို နေ့တိုင်းမြင်နေကြားနေရမှာပဲ "

YOU ARE READING
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023