အပိုင်း -၂၁
* ခင်ဗျားလည်း ကံကောင်းပါစေ၊ ခဲတစ်လုံးနဲ့ငှက်နှစ်
ကောင်ထိအောင်ပစ်ခဲ့တဲ့ကျုပ်အတွက်ကတော့
ရှေ့ဆက်တဲ့လမ်းတစ်လျှောက် ကံကောင်းခြင်းတွေပဲ
ကြုံရမှာသေချာနေပြီးသားပါ၊ နောက်ဆုံးဇာတ်သိမ်းမှာ
ကျုပ်ချစ်တဲ့သူပဲ ဒီလောကမှာကျန်နေခဲ့မှာလေ၊
ခင်ဗျားတို့နှစ်ယောက်ကတော့ ငရဲကိုပျော်ပျော်ကြီး
သွားကျပေါ့လို့* စိတ်ထဲကနေသာ ပြောလိုက်မိတော့
သည်။*
*
*
*
*
*
*
*" ကျွီ!! "
တိတ်ဆိတ်နေသည့်အချိန်မှာ ထွက်ပေါ်လာသည့်တံခါးဖွင့်
သံကြောင့် လူကကြောက်စိတ်နည်းနည်းဝင်လာရသည်။
အိမ်ထဲကိုခြေလှမ်းစပြီးလှမ်းလိုက်မိတာနဲ့ နောက်ပြန်
လှည့်လို့မရဘူးဆိုတာကို ကိုယ်တိုင်လဲသဘောပေါက်
လိုက်၏ ။ ဧည့်ခန်းပုံစံရှိနေသည့်အခန်းထဲကို
စတင်ခြေချလိုက်သည့်အခါ အခန်းထဲကထိုင်ခုံမှာ
ထိုင်နေသည့် လူတစ်ယောက်။ကုလားထိုင်ရဲ့နောက်မှီ
ကြောင့် ဦးခေါင်းရဲ့နောက်ဘက်လေးကိုသာမြင်နေရသည်။
ခုံရဲ့မနီးမဝေးမှာ ခြေစုံရပ်လိုက်မိသည့်အခါ" ရောက်လာပြီလား သက်ထက်ပန် "
နောက်ကိုလှည့်မကြည့်ဘဲမေးလာသည့်စကား။
ကြားဖူးသလိုရှိနေသည့်အသံကြောင့် ဘယ်သူများဖြစ်နိုင်
မလဲဆိုတာကို စဉ်းစားနေမိသည့်အချိန်မှာဘဲ တစ်ဖက်လူက
မတ်တတ်ထရပ်လိုက်ကာ ကိုယ်နဲ့မျက်နှာချင်းဆိုင်
အနေအထားဖြစ်အောင် တဖြေးဖြေးလှည့်ကြည့်လာလေ
သည်။" ကိုထက်မြတ်ဦး "
မထင်မှတ်ထားတဲ့သူကို ဒီလိုနေရာမှတွေ့လိုက်ရတာကြောင့်
တော်တော်ကိုအံသြသွားရလေသည်။နောက်ပြီး ဒီလူကို
အစထဲက သဘောမကျတဲ့စိတ်ခံစားချက်ရှိနေတာကြောင့်" ဖုန်းဆက်တာ ခင်ဗျားလား "
" ဖုန်းဆက်ခိုင်းတာကကိုယ်ပါ ကိုယ်တိုင်ဆက်တာ
မဟုတ်ဘဲ အခြားသူကိုဆက်ခိုင်းတာမျိုးပေါ့ "" ခင်ဗျားမှန်းသာသိနေရင် ဒီနေရာကိုလာတောင်မလာခဲ့ဘူး"
ကိုယ့်စကားကြောင့် တစ်ဖက်လူကမျက်ခုံးကိုပင့်ပြရင်း
ခပ်ရွဲ့ရွဲ့ပြုံးပြလာသည်။
![](https://img.wattpad.com/cover/337306959-288-k810912.jpg)
YOU ARE READING
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023