အပိုင်း -၂၂
❗ထက်မြတ်ဦး POV (သို့) ဖုံးကွယ်ထားသောအမှန်တရား
တစ်ဖက်ကဘာပြောပြော ကိုယ့်နားထဲသေချာမကြားရတော့ပါ။စကားသံတို့က လည်ခေါင်းထဲကနေလုံးဝထွက်မလာတော့ဘဲ စကားပြေဖို့ကြိုးစားလိုက်သည့်အခါဝူးဝူးဝါးဝါးအသံတွေသာ ထွက်လာရတော့သည်။စီးကျနေသည့်မျက်ရည်တွေ၊ နာကျင်လွန်းတဲ့ရင်ဘက်တွေ။ဖွင့်ပြောခွင့်မရှိသည့်စကားသံတွေ။ အခြေအနေတွေကိုလက်မခံနိုင်စွာနဲ့ပဲ ကိုယ့်ရင်ဘက်တွေကို ကိုယ့်ဘာသာ
ထုရိုက်နေမိရင်း ကြမ်းပြင်ပေါ်ထိုးစိုက်လဲကျသွားရကာအမှောင်အတိဖြစ်သွားရတော့သည်။*
*
*
*
*
*
*
*" အိတ်ကပ်ထဲမှာရှိနေသည့်ဖုန်းက တုန်ခါလာတာကြောင့်ယူပြီးကြည့်လိုက်သည့်အခါ ကိုယ်သိတဲ့သူဆီကဖြစ်နေတာကြောင့် ချက်ချင်းကိုင်လိုက်ပြီ
" မင်း အဆင်ပြေရဲ့လား "
" သိပ်ပြေတာပေါ့ ခင်ဗျားအစီအစဉ်အတိုင်း ဆက်ပြီးရွေ့လို့ရပြီ "
" ကောင်းပြီလေ ဒါဆိုရင်လဲ ငါ မကိုဋ်ထွဋ်ခေါင်ဆီကိုဓာတ်ပုံပို့ပေးလိုက်တော့မယ် "
" ကြိုက်သလိုသာလုပ်၊ အဓိက,က ကျုပ်ကလေးလေးကို လာမထိရင်ရပြီ "
" စိတ်သာချလိုက် ၊ ငါလိုချင်နေတာဟိုခွေးသားကိုပဲ ၊ ဒီတစ်ခါတော့ ဒင်းသေကိုသေရမယ် "
" ကျုပ်ကပိုကြိုက်တာပေါ့ ကျုပ်သွားမယ့်လမ်းမှာ
ဆူးတစ်ချောင်းရှိနေတယ်ဆိုရင် အဲဆူးက
မကိုဋ်ထွဋ်ခေါင်ပဲ ၊ ဆူးလိုကောင်ကို ဘယ်သူက
လာဖယ်ပေးဖယ်ပေး ဖယ်ပေးတဲ့သူကိုကျေးဇူးတင်တယ်၊ ဘယ်သူကမှလာမဖယ်ပေးရင်တောင် ကျုပ်ဘာသာဖယ်ထုတ်ရမယ့်အခြေအနေလေ"" ဒင်းကိုဖယ်ထုတ်ဖို့တာဝန်က ငါတာဝန်ပဲလေ၊
ဒီကိစ္စတွေကိုမြန်မြန်လက်စသတ်ပြီးရင် ငါလည်း
ဟိုဘက်ကိုပြန်သွားတော့မယ် ၊ မင်းလဲကံကောင်းပါစေ "တစ်ဖက်က ဖုန်းကိုချသွားတဲ့အခါမှာတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေသလိုမျိုး လဲလျောင်းနေသောကောင်လေးကိုငေးကြည့်နေမိတော့သည်။နုငယ်ပြီးကြည်လင်နေသည့်ဒီကောင်လေးကို လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစတင်တွေ့ဆုံခဲ့ရခြင်းဖြစ်၏ ။ တစ်ဖက်လူမသိခဲ့လေသောရေစက်သည် လွန်ခဲ့သောအချိန်တစ်ခုမှစတင်ခဲ့ရသည်။
YOU ARE READING
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023