Part - 30 ( Unicode)

47.1K 1.9K 72
                                    

အပိုင်း - ၃၀



" သားသားလေးရေ ဒီနေ့လည်း ဖေဖေ့ဗိုက်ထဲမှာနေရတာ
ပျော်ရွှင်စရာကောင်းပြီး သက်တောင့်သက်သာရှိပါစေနော်"

ထုံးစံအတိုင်း သူ့ရဲ့ တစ်နေ့မပျက်ပြောတက်တဲ့နှုတ်ဆက်
စကား ။ ပြီးတာနဲ့ကိုယ့်ရဲ့ပါးပြင်ကိုမွှေးကြူလာကာ
မျက်ရည်ရစ်ဝိုင်းနေသော မျက်ဝန်းတို့ဖြင့်စိုက်ကြည့်လာရင်း

" ကိုယ်တော့ ဒီအမျိုးသားနဲ့ဒီသားကိုပိုင်ဆိုင်ရတာ
ပျော်လွန်းလို့ရူးတော့မယ်ထင်ပါရဲ့ " တဲ့ ။



*
*
*
*
*
*
*
*

" ကိုယ်ဝန်ကို နိုင်ငံခြားမှာမွေးတာပိုကောင်းမယ်
ထင်တယ် "

" ဘာဖြစ်လိုလဲကိုကို ဒီမှာကစိတ်မချရဘူးတဲ့လားဟင်"

ကိုယ်ဝန်အကြောင်းကြားလိုက်ရတော့ မျက်နှာငယ်လေး
နဲ့ပြန်မေးလာပုံက စိုးရိမ်များနေမှန်း သိသာနေသည်။

" ဆရာမကြီးက ကိုကို့ကိုပြောလိုက်တာကလေ
ဒီမှာကစိတ်မချရဘူးဆိုတာထက် သက်ထက်က
အစထဲကကိုယ်ဝန်ဆောင်ဖို့အတွက် အဆင်သင့်မဖြစ်
သေးတဲ့ကလေးဆိုတော့ အခုကိုယ်ဝန်ဆောင်ပြီး
ကလေးယူမယ်အချိန်မှာ အစစအရာရာကိုစိတ်ချရ
အောင်ကြိုတင်ပြင်ဆင်တဲ့သဘောပါတဲ့ ၊ ပြည်ပမှာကျ
တော့ ဆေးပစ္စည်းတွေကအစ ပိုအဆင်မြင့်တယ်လေ ၊
နောက်ပြီးဟိုဘက်မှာက ဆရာမကြီးရဲ့အသိဆရာဝန်ကြီး
တွေကပါ သက်ထက်ရဲ့ကိုယ်ဝန်ကို သူတို့ကူညီပြီး
မွေးပေးချင်တယ်လို့ပြောတယ်တဲ့ ၊ဆရာဝန်ကြီးတွေအကုန်
လုံးက သားဖွားမီးယက်ဘက်ကပါရဂူကြီးတွေလို့လဲ
ပြောသေးတယ် ၊အဲလိုဆိုတော့ ဟိုဘက်မှာကပိုပြီး
အဆင်ပြေလောက်တယ်လို့ ကိုကိုလည်းတွေးမိနေတယ် "


ကိုကိုပြောလာသည့်စကားကြောင့် ထိုကိစ္စကိုသက်ထက်
လည်း သေသေချာချာ အလေးထားပြီးတွေးမိသည်။
အခုဆိုရင် ကိုယ်ဝန်ကလည်းရှစ်လထဲရောက်နေပြီမို့
မွေးဖို့ကသိပ်မလိုတော့ပေ။ပုံမှန်ကိုယ်ဝန်ဆောင်သည်
မဟုတ်တာကြောင့် ဒီကိုယ်ဝန်လွယ်ထားခြင်းရဲ့
အကျိုးဆက်အနေနဲ့ရလာသည့်အရာတွေက ကိုယ်ရဲ့
ကျန်းမာရေးကို အများကြီးထိခိုက်နေတာ ဝန်မခံလို့မရပေ။

My Husband Hates Me ( Completed )Where stories live. Discover now