အပိုင်း -၂၉
" ကိုကိုက အရာအားလုံးကိုအမှန်တိုင်းပြောပြရင်
ဗိုက်ထဲကပိစိလေးနဲ့ ပြန်မတိုင်ဘူးဆိုတာတကယ်
လား ကိုကို့ကလေးလေး "*
*
*
*
*
*
*
*ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် ထိုအသံပိုင်ရှင်
ကိုကြည့်မိလိုက်သည့်အခါ ပြုံးစစမျက်နှာနှင့်
ကိုယ့်ကိုကြည့်နေသူကို တွေ့လိုက်ရသည်။" ကို ... ကိုကို "
" အရမ်းစိုးရိမ်နေတာလား ကိုကို့ကလေးလေး "
" ကို ကိုကို အဟင့်!!"
ဝမ်းသာစိတ်ကြောင့် ဘာစကားမှမပြောနိုင်သေးဘဲ
ကုတင်ပေါ်လှဲနေရသူ၏ ရင်ဘက်ဆီကိုခေါင်းမှောက်ချ
လိုက်ရင်း ငိုနေလိုက်မိတော့၏ ။ ကိုယ်ငိုနေတာကို
တားဆီးလာခြင်းမရှိတဲ့သူက ကိုယ့်ဆံပင်လေးတွေကိုတော့
ပတ်တီးစီးထားခြင်းမရှိသည့်လက်နဲ့ အသာဖွဖွလေး
ပွတ်သပ်ပေးနေသည်။ ကိုယ်ကတော့ အားရအောင်
ငိုပြီးမှ သူရင်ဘက်ပေါ်ကနေမျက်နှာကိုခွာလိုက်သည့်အခါ" အာ့!!! "
အသံက တိုးတိုးဆိုမှ တကယ့်ကိုတိုးတိုးလေး။ ဒါပေမဲ့
နာလို့ညည်းသံလေးထွက်လာမှန်း သိသာစေသည်။
ဒီတော့မှ သက်ထက်လည်း ကိုယ်ငိုနေသည့်အချိန်က
ကိုကို့ဝမ်းဗိုက်ကနေ ရင်ဘက်နားအထိရောက်အောင်
ပတ်တီးစီးထားရသည့်နေရာကိုဖိထားမိမှန်း သတိထား
မိသွားတော့သည်။" ဟာ တောင်းပန်ပါတယ်ကိုကို သားက ဒဏ်ရာကို
ဖိလိုက်မိတယ်ထင်တယ်၊ နာသွားမှာပေါ့ တကယ်တောင်း
ပန် ... "တောင်းပန်နေမိသည့် စကားပင်မဆုံးသေးခင် ကိုယ့်ရဲ့
ဦးခေါင်းကိုဆွဲနှိမ့်ခံလိုက်ရပြီး နှုတ်ခမ်းသားတွေပူနွေး
သွားရတော့သည်။ အချိန်အတော်ကြာအောင်
နှုတ်ခမ်းတွေကို သိမ်းပိုက်ခံထားရပြီး အနမ်းတွေကနေ
လွတ်မြောက်သွားရသည့်အခါမှတော့ ကိုကို့ရဲ့
အပြုံးတွေနဲ့မျက်နှာကိုတွေ့လိုက်ရတော့၏ ။" တော်ပါသေးရဲ့ ကိုကို့ရဲ့ကလေးလေးက
ကိုယ့်အနားကိုပြန်လာပေးလို့လေ ပြန်မလာချင်တော့ဘူး
ထင်နေတာ ၊ ပြန်မလာတော့ဘူးလို ပြောလာမှာကို
စိုးရိမ်နေမိတာပါ "

YOU ARE READING
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023