¹

793 43 24
                                    

[ Unicode ]

" Jimin....."

Jimin ရဲ့ဘဝမှာ မကြားချင်ဆုံးအသံပိုင်ရှင်က လှမ်းခေါ်နေတာကြောင့် Jimin မသိချင်ယောင်ဆောင်ကာ ခြေလှမ်းတွေကိုပိုသွက်လိုက်တယ် ။ မနက်မိုးလင်းကတည်းက ဒီအကောင်နဲ့တိုးနေရတာလည်း ဘယ်ဘဝက အကုသိုလ်လဲဆိုတာ မသိတော့ပေ ။

" Jimin.... ကိုယ်ခေါ်နေတာ ကြားရဲ့သားနဲ့ကွာ...."

အနောက်ကနေပြေးလိုက်လာပြီး အရှိန်နဲ့ Jimin လည်ပင်းကိုသိုင်းဖက်လိုက်တာကြောင့် Jimin နာသွားရပြီး စိတ်တိုစွာနဲ့ ထိုအကောင်ကိုဆောင့်တွန်းလိုက်မိသည် ။

" Jimin ကလည်းကွာ...."

ဆောင့်တွန်းလိုက်တာကိုတောင် မျက်နှာတစ်ချက်မပျက်ပဲ အနားရောက် လာပြန်တာလေတယ် ။ စကားပြောချင်စိတ်လည်းရှိမနေတာကြောင့် Jimin သူ့ဘေးကနေထွက်လာမိခဲ့တယ် ။

" ကိုယ် မနေ့က မင်းကြိုက်တဲ့ ချောကလက်ဝယ်လာတယ် ရော့...."

Jimin ရဲ့အကြိုက်မှန်သမျှကိုလိုက်မှတ်ထားပြီး လိုက်ဖြည့်စည်းပေးနေတာကိုလည်း Jimin လုံးဝမကြိုက်ပေ ။ ဒါကြောင့် သူပေးတဲ့ ချောကလတ်ကိုလက်နဲ့တွန်းဖယ်လိုက်ရင်း

" ငါ ချောင်းဆိုးနေတယ်....."

အကယ်၍များ ထိုချောကလက်ကို သူ မဟုတ်တဲ့ တခြားတစ်ယောက်ကပေးတာဆိုရင်တော့ Jimin ကျေးဇူးတင်စကားပြောပြီး လက်ခံမိမှာသေချာလေသည် ။

" ချောင်းအရမ်းဆိုးနေလို့လား.... ကိုယ် ဆေးဝယ်ပေးမယ်လေ ....."

" ရတယ် မလိုဘူး...."

ကားမှတ်တိုင်ရောက်တော့ လူရှုပ်နေတာကြောင့် Jimin စိတ်ရှုပ်သွားရသည် ။ သူ စီးရမယ့်ကား မြန်မြန်လာပါစေလို့သာ ကြိတ်ဆုတောင်းရင်း ကားကိုသာမျှော်နေလိုက်သည် ။

" မင်းမနက်စာစားလာလား.... ကိုယ်တော့ မင်းကိုမမှီမှာစိုးလို့ထွက်လာလိုက်တာ မစားခဲ့ရဘူး... ကျောင်းရောက်ရင် ကန်တင်းအတူထိုင်ကြမယ်လေ....."

" ငါ အိမ်က စားခဲ့ပြီးပြီ.... ပြီးတော့ ကျောင်းရောက်တာနဲ့ အတန်းတက်ရမှာ အရေးကြီးတယ်...."

" ကိုယ် အထက်တန်းတုန်းက စာသေချာမလုပ်မိတာအခုမှနောင်တရတယ်.... မဟုတ်ရင် မင်းနဲ့မေဂျာအတူလိုက်တက်ရမှာကို အခုတော့....."

Hate The Way You LoveWhere stories live. Discover now