{ Unicode }
" ငါတော့ နင့်ကိုမပြန်စေချင်ဘူး...."
Jimin ရဲ့အမေက Yoongi အမေကိုကြည့်ပြီးပြောလိုက်လေတယ် ။
" ဒါပေမယ့်လည်း ဒီမှာ ဘယ်လိုဆက်နေကြမလဲ...."
" ငါတို့ရှိနေတယ်လေဟယ်... ငါတို့ကူညီပေးလို့ရတာပဲ ဟိုမှာ နင်တို့သားအမိ နှစ်ယောက်တည်း ဆွေမျိုးလည်းမရှိပဲဘယ်လိုနေမလဲ...."
အမေနှစ်ယောက် ပြောနေကြသည်ကို Jimin နဲ့ Yoongi ဘေးနားကနေထိုင်ကာနားထောင်နေခဲ့မိကြတယ် ။
" သားရော ဘယ်လို စိတ်ကူးရှိလဲ...."
Yoongi ဘက်ကိုလှည့်ကာမေးလာသည့် အမေ့စကားကို ရုတ်တရက်ဆိုတော့ Yoongi ဘာဖြေရမှန်းမသိဖြစ်သွားတယ် ။
" ဒီမှာပဲနေလေသားရယ် ကျောင်းလည်းပြန်ဆက်တက်ပေါ့ မဟုတ်ဘူးလား... "
" ဟုတ်ကဲ့ အန်တီ တကယ်တော့ ကျွန်တော်လည်း အဲ့လိုလုပ်မယ်လို့ရည်ရွယ်ထားပါတယ်... အလုပ်ရဖို့ကတော့ နည်းနည်းခက်မယ်ထင်တယ်..."
" ဘာလို့ခက်ရမှာလဲ ငါတို့ ကုမ္ပဏီမှာပဲလုပ်လေ... ကျောင်းကိုတော့ အဝေးသင်ပဲပြောင်းလိုက်ပေါ့...."
" ဒါဆိုလည်း အဲ့လိုပဲလုပ်လိုက်ပါတော့မယ်..."
Jimin ရဲ့စကားက အကျိုးသင့်အကြောင်းသင့်ဖြစ်နေတာကြောင့် Yoongi လက်ခံလိုက်တယ် ။
" ကဲ Yoongi လည်းလက်ခံလိုက်ပြီဆိုတော့ နင်လည်းဒီမှာပဲနေတော့ ဟုတ်ပြီလား..."
" အေးပါဟယ်...."
နောက်ဆုံးတော့ Yoongi ရဲ့အမေကို နားချနိုင်လိုက်ပြီဖြစ်တာကြောင့် Jimin ရဲ့ အမေစိတ်ချမ်းသာသွားခဲ့လေတယ် ။
" ဒါဆို ငါတို့ မနက်ဖြန်လောက်တော့ပြန်မယ် ဟိုမှာ အိမ်ရောင်းဖို့ကိစ္စရယ်.... ပစ္စည်းတွေ ပြောင်းဖို့ရွှေ့ဖို့ရယ် လုပ်ရမယ်လေ....."
" အိမ်ကကားယူသွားလေ သွားရလာရအဆင်ပြေအောင်..."
" ရပါတယ်ဟယ် ဒီအတိုင်းသွားလည်းရပါတယ် ပြန်လာတော့မှပဲ အိမ်ပြောင်းရွှေ့တဲ့လုပ်ငန်းကိုဆက်သွယ်လိုက်မယ်...."
Yoongi တို့သားအမိ ဆိုးလ်မှာပြန်နေကြမယ်ဆိုတော့ Jimin လည်းဝမ်းသာမိလေတယ် ။ ဒါမှ Jimin လည်း အနီးကပ် ဂရုစိုက်ပေးလို့ရမှာလေ ။
STAI LEGGENDO
Hate The Way You Love