( Unicode )
" Yoongi ရေ ဒီအင်္ကျီလေးမိုက်တယ်နော်...."
Jimin က Yoongi ရှေ့သို့ ဖုန်းထိုးပြရင်း မေးလာလေတယ် ။
" အင်း မိုက်တယ်လေ မင်းဝယ်မလို့လား...."
" ဝယ်မလို့.... မင်းအတွက်ပါ တစ်ထည်ဝယ်လိုက်မယ်...."
" ဟာ... မဝယ်ပါနဲ့ကွာ အားနာစရာကြီး..."
" ငါတို့ကြားမှာ အားနာစရာမရှိဘူးလို့ပြောထားတယ်မလား...."
Jimin စိတ်ဆိုးသလို ခပ်ဆတ်ဆတ်လေးပြောလိုက်တော့ Yoongi ဘာမှထပ်မပြောတော့ပေ ။
" ငါ့အတွက် အနီနဲ့အဝါမှာလိုက်တယ် မင်းအတွက်တော့ အနက်ရောင်မှာလိုက်မယ်နော်... မင်းကအနက်နဲ့ဆို အရမ်းကြည့်ကောင်းတာ..."
Jimin ကတော့ သဘောရိုးနဲ့ပြောတာဖြစ်နိုင်ပေမယ့် Yoongi ကတော့ စိတ်လှုပ်ရှားသွားရလေတယ် ။
" အေးပါကွာ... မင်းကြိုက်တာသာမှာပါ "
Yoongi ပြုံးကာပြောလိုက်တော့ Jimin ကကျေနပ်သွားဟန်နဲ့ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေလေတော့တယ် ။
Jimin က နီးနီးကပ်ကပ်ထိုင်နေတာကြောင့် အသားချင်းပါ ထိနေရလေတယ် ။ ဒါကြောင့် အခုန်မြန်လာတဲ့ ရင်ခုန်သံတွေကို Jimin ကြားသွားမှာ Yoongi စိတ်ပူနေမိလေတယ် ။
" Yoongi ညနေကျရင် ငါနဲ့အတူ ညနေစာသွားစားရအောင်.... အခုလိုင်းပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ဆိုင်ကို ငါဘိုကင်တင်ထားတယ်...."
" အမေ ငါ့ကိုစောင့်နေလိမ့်မယ် Jimin ရဲ့...."
" မင်းကလည်းကွာ တစ်ခါတလေလေးကို ငါနဲ့သွားတာဆိုရင် အန်တီကနားလည်ပေးမှာပါ... အန်တီ့ကိုဖုန်းဆက်ပြီးပြောပြလိုက်လေနော်...."
ကလေးဆိုးကြီးလို Yoongi လက်ကိုကိုင်ကာ ပူဆာနေတဲ့ Jimin ကိုဘယ်လိုများ ငြင်းဆန်ရက်နိုင်ပါတော့မလဲ ။ ဒါကြောင့် ချက်ချင်းပင် အမေ့ကိုဖုန်းလှမ်းဆက်ကာပြောလိုက်တော့ Jimin ရဲ့ချစ်စဖွယ်အပြုံးလေးတွေကိုမြင်လိုက်ရလေတယ် ။
" ဒါမှ ငါ့သူငယ်ချင်းလေး.... မင်းကချစ်ဖို့အကောင်းဆုံးပဲ..."
YOU ARE READING
Hate The Way You Love