¹⁰

203 23 16
                                    

{ Unicode }


" Jimin ကန်တင်းက အသစ်ဖွင့်တဲ့ဆိုင်က ကင်မ်ချီထမင်းကြော် တော်တော်စားကောင်းတယ်ပြောတယ်.... ကိုယ်တို့သွားစားကြမလား...."

" အင်း စားကြမယ်လေ...."

အတန်းပြီးတော့ Jimin ကိုယ်တိုင်လည်း ဗိုက်ဆာနေတာကြောင့် JungMin ရဲ့အကြံကိုလက်ခံလိုက်သည် ။

" ကိုယ်တို့အဆောင်နဲ့ နည်းနည်းတော့ဝေးတယ်နော်...."

" ရပါတယ် နောက်အချိန်လည်းတက်စရာမှမလိုတာပဲဟာ...."

စာသင်ခန်းထဲကထွက်လာကြတော့ Jimin ရဲ့လက်ကို JungMin လှမ်းကိုင်ချင်ပေမယ့်လည်း မကိုင်ဖြစ်ခဲ့ပေ ။ သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကို Jimin ကလူသိပ်မသိစေချင်ဘူးဟုဆိုဖူးတာကြောင့် JungMin ဆန္ဒတွေကို ထိန်းချုပ်ထားလိုက်ရသည် ။

လမ်းတစ်လျှောက်မှာလည်း Jimin က ဘာစကားမှမပြောပဲ တိတ်တဆိတ်လျှောက်လာတာကြောင့် JungMin လည်းတိတ်တိတ်လေးပဲလိုက်လာရသည် ။

သူတို့နှစ်ယောက်တွဲပြီးစကတည်းက Jimin စကားနည်းသွားတယ်လို့ ထင်မိသည် ။ အပြုံးတွေလည်းရှားပါးသွားခဲ့‌လေသည် ။ Jimin ကိုဘယ်လိုမျိုး ပျော်အောင်လုပ်ပေးရမလဲဆိုတာကိုပဲ JungMin စဉ်းစားနေမိသည် ။

Jimin ကတော့ အချိန်တစ်ခုစောင့်ပါလို့ ပြောထားပေမယ့် JungMin အမြန်ဆုံး Jimin က်ုအရင်လိုတက်ကြွပျော်ရွှင်တဲ့ကောင်လေးအဖြစ်မြင်ချင်မိသည် ။

သူတို့နှစ်ယောက် ဆိုင်ကိုရောက်တော့ လူအနည်းငယ်သာရှိလေသည် ။

" ကင်မ်ချီထမင်းကြော် ၂ ပွဲပေးပါနော်... ကြက်ဥကြော်နဲ့.... Jimin ဘာသောက်ဦးမလဲ..."

" Pepsi ပဲသောက်မယ်... "

" ဒါဆို Pepsi ၂ ဘူးပါပေးနော်...."

Jimin တို့ မှာထားတာတွေစောင့်နေတုန်းမှာပဲ ဆိုင်ထဲကိုဝင်လာတဲ့ လူ ၃ ယောက်ကို တွေ့ပြီး Jimin မျက်နှာပျက်သွားရလေသည် ။ Jimin ကသာ ဆိုင်ထဲဝင်လာကတည်းက သတိထားမိ‌လိုက်ပေမယ့် Yoongi ကတော့ သတိထားမိပုံမရပေ ။

" ဟာ Agust D ပါလား... ကိုယ် သွားနှုတ်ဆက်လိုက်ဦးမယ်...."

Jimin  မတားလိုက်နိုင်ခင်မှာပဲ JungMin က Yoongi တို့ဝိုင်းကိုရောက်သွားခဲ့လေသည် ။ ထို့နောက် JungMin က Jimin ရှိရာကိုလက်ညှိုးထိုးပြပြီး Yoongi တို့က လှမ်းကြည့်ကြတာကြောင့် Jimin အကြည့်ကိုလွှဲလိုက်ရသည် ။

Hate The Way You LoveDonde viven las historias. Descúbrelo ahora