²⁴

238 27 40
                                    

( Unicode )




" ဝိုး လှလိုက်တာ ကိုယ့်သတို့သားလေးက..."

Jimin မိတ်ကပ်ပြင်နေသည့်အခန်းထဲကို Yoongi ဝင်လာပြီးနောက် ထိုသို့ ပြောလိုက်မိလေတယ် ။ ရည်ရွယ်ပြီးပြောတာမဟုတ်ပဲ တကယ်လှတာကြောင့် ပါးစပ်ကနေ အလိုလိုရေရွတ်မိလိုက်ခြင်းသာဖြစ်လေတယ် ။

မိုးပြာရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ထားတဲ့ Jimin ဟာ နတ်သားလေးတစ်ပါးလို့တောင် ထင်ရလောက်အောင် သူ့မျက်လုံးထဲမှာ တောက်ပနေတယ်လေ ။

" မင်းကလည်းကွာ ငါရှက်ပါတယ် ဆိုနေမှ...."

Jimin က Yoongi ရဲ့ရင်ဘတ်ကိုထုပြီးတော့ ပန်းသွေးရောင် လွှမ်းနေတဲ့မျက်နှာလေးနဲ့ပြောလာလေတယ် ။

" တကယ်လှတာ Jimin ရဲ့... ကိုယ်ဖြင့် အိပ်မက်မက်နေသလားတောင်ထင်နေတာ..."

Yoongi ရဲ့စကားအဆုံးမှာတော့ Jimin က Yoongi ရဲ့ပါးကိုနမ်းလိုက်လေတယ် ။

" အိပ်မက်မဟုတ်ဘူးဆိုတာ ယုံပြီလား..."

" အင်း... ယုံပြီ ဒါပေမယ့် ဒီထပ်ပိုယုံရအောင် သက်သေယူချင်သေးတာ...."

Yoongi ရဲ့အကြည့်တို့က နှုတ်ခမ်းဆီရောက်သွားတော့ Jimin အလိုက်တသိဖြင့် မျက်လုံးလေးကိုမှိတ်ထားလိုက်မိတယ် ။ ဒါကြောင့် Yoongi ကအနားကိုတိုးကာ Jimin ရဲ့နှုတ်ခမ်းလေးတွေကို နမ်းရန်ပြင်လိုက်ချိန်မှာပဲ

" အဟမ်း အဟမ်း..."

" မင်္ဂလာအချိန်ကျရောက်နေပြီ သတို့သားတို့ရဲ့ နည်းနည်းသည်းခံကြပါဦး...."

အနောက်ကနေချောင်းဟန့်သံနဲ့စကားပြောသံကြားလိုက်တာကြောင့် နှစ်ယောက်သား ရှက်ကိုးရှက်ကန်းဖြစ်ကာ ကြည့်လိုက်မိတော့ သတို့သားအရံနှစ်ယောက်ဖြစ်တဲ့ Jungkook နဲ့ Taehyung တို့ဖြစ်နေလေတယ် ။

" မင်းတို့ကတော့ ကောင်းခန်းဆို ရောက်ရောပ်လာပြီ...."

" အမယ် မင်းတို့ကာ စိတ်မထိန်းနိုင်ကြတာလေ နည်းနည်းပါးပါးသည်းခံကြပါဦးလား... ညကျရင် ကောင်းခန်းတွေအဝလုပ်လို့ရတာကို..."

Jungkook ရဲ့စပ်ဖြဲဖြဲမျက်နှာနှင့်ပြောလိုက်တဲ့ စကားကြောင့် Jimin မျက်နှာရဲသွားတော့ Yoongi ကလက်သီးနဲ့ထိုးဖို့ဟန်ပြင်လိုက်သလို Taehyung ကခါးကိုဆွဲစိတ်လေတယ် ။

Hate The Way You LoveOpowieści tętniące życiem. Odkryj je teraz