[ Unicode ]
" Jimin...."
" ဟင်...."
JungMin ရဲ့ခေါ်သံကြားမှပဲ Jimin အဝေးကိုငေးကြည့်နေရာကနေ သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ JungMin ကိုလှည့်ကြည့်လာလေသည် ။
" ဘာတွေတွေးနေတာလဲ Jimin...."
" ဟင့်အင်း ဘာမှမတွေးပါဘူး...."
" ဒီနေ့ ကိုယ်နဲ့ date ရတာမပျော်ဘူးလား...."
ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နှစ်ယောက်အတူ ရုပ်ရှင်ကြည့်ပြီး နေ့လည်စာစားကာ date ကြမယ်လို့ မနေ့ကတည်းကဆုံးဖြတ်ထားခဲ့ကြသည် ။
" ပျော်ပါတယ်...."
ပျော်ပါတယ်သာဆိုသည့် အသက်မပါသော လေသံကြောင့် JungMin သက်ပြင်းကိုချလိုက်မိသည် ။
" Jimin.... ကိုယ့်ကို သေချာကြည့်...."
စားပွဲပေါ်တင်ထားသည့် လက်ကိုကိုင်လိုက်ပြီး JungMin ပြောတော့ Jimin က သူ့ကိုသေချာကြည့်လာလေသည် ။
" ကိုယ့်အနားမှာရှိနေတာ Jimin မပျော်ဘူးလား...."
ထိုအမေးစကားရဲ့အဆုံးမှာတော့ Jimin ကသူ့ဆီကနေအကြည့်လွှဲသွားခဲ့လေသည် ။
" ငါ မသိဘူး JungMin....."
ဘာကိုမသိတာလဲဟု JungMin မေးလိုက်ချင်ပေမယ့်လည်း မမေးရက်နိုင်ခဲ့ပေ ။ သူတို့စတွဲကတည်းက Jimin ကအရင်နဲ့မတူစွာပြောင်းလဲနေတာကို သတိထားမိခဲ့သည် ။ သို့သော်လည်း Jimin ကတစ်ခါမှချစ်သူမထားဖူးတာကြောင့် နေရခက်နေသည်ဟုသာ သူထင်ခဲ့မိသည် ။
အခုဆို သူတို့နှစ်ယောက်တွဲတာ ၁ လနီးပါးကြာနေပြီဖြစ်သော်လည်း Jimin ကဘာမှမပြောင်းလဲလာခဲ့သလို အရင် သူငယ်ချင်းအဖြစ်တုန်းကထပ် ပိုဝေးကွာသွားခဲ့သည်ဟု ခံစားမိသည် ။
" ငါ့ကြောင့် စိတ်ညစ်နေရပြီလား JungMin...."
" ဟင့်အင်း စိတ်မညစ်ပါဘူး...."
တကယ်လည်း JungMin စိတ်မညစ်မိပါလေ ။ သူနဲ့တွဲလို့ Jimin စိတ်ဆင်းရဲနေမိသလားဆိုပြီး စိတ်မကောင်းဖြစ်မိရုံသာရှိသည် ။ သူက ချစ်ရသူဖြစ်တာကြောင့် သူချစ်ရတဲ့ကောင်လေးကိုအမြဲလိုလိုစိတ်ချမ်းသာနေတာကိုပဲ မြင်ချင်မိတာလေ ။
KAMU SEDANG MEMBACA
Hate The Way You Love