{ Unicode }
မှန်ထဲမှာမြင်နေမိတဲ့ ကိုယ့်ပုံရိပ်ကိုကိုယ်ကြည့်ပြီး Jimin အရှက်သည်းနေမိသည် ။ ရဲရဲနီနေတဲ့ ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ကြည့်မိတော့ နွေးနေလေသည် ။
" Park Jimin မျက်နှာပိုးသေစမ်း ...."
ကိုယ့်ကိုကိုယ်ပြန်ဆုံးမလိုက်ပေမယ့်လည်း ပျော်နေတဲ့ စိတ်နဲ့ မြန်နေတဲ့ရင်ခုန်သံကို ထိန်းချုပ်လို့မရနိုင်တာ ကိုယ်တိုင်အသိဆုံးပင် ။
မနက်က ရုပ်ရှင်ရုံမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တို့က အတွေးထဲကနေမထွက်ပေ ။ တွေးမိတိုင်းလည်း နှုတ်ခမ်းဖျားမှာ အပြုံးတို့ကဖြစ်ထွန်းလာခဲ့လေတယ် ။
ဒီမနက် Jung Min နဲ့ရုပ်ရှင်ကြည့်ရန်ချိန်းထားတာကြောင့် မနက်စာစား ရေချိုးအဝတ်အစားလဲကာ အိမ်ကထွက်လာခဲ့လိုက်သည် ။ ချိန်းထားတဲ့ဆီကိုရောက်တော့ Jung Min က သူ့ထပ်အရင်ရောက်နေခဲ့လေသည် ။
" ရောက်နေတာကြာသွားပြီလား Jung Min...."
" ခုနကမှရောက်တာပါ... ကိုယ် လက်မှတ်ဝယ်ထားပြီးသွားပြီ မုန့်တော့မဝယ်ရသေးဘူး...."
" ဟုတ်လား ဝယ်ကြမယ်လေ.... Jung Min ဘာစားမလဲ.... ငါဝယ်ကျွေးမယ်...."
" မဟုတ်တာကွာ... ကိုယ်ပဲဝယ်ပါ့မယ်..."
" လက်မှတ်ကို Jung Min ဝယ်ထားတာဆိုတော့ မုန့်တော့ငါဝယ်မယ်လေကွာ.... "
" ဟုတ်ပါပြီကွာ...."
နောက်ဆုံးတော့ Jung Min ကပြုံးလိုက်ရင်း Jimin ရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်လေသည် ။ နှစ်ယောက်အတူ ပေါက်ပေါက်နဲ့အအေးဝယ်ကာ ရုပ်ရှင်စမယ့်အချိန်ကိုစောင့်ရင်း ထွေရာလေးပါးပြောနေမိသည် ။
ခနအကြာ ရုပ်ရှင်ပြချိန်နီးတော့ ရုပ်ရှင်ရုံထဲသို့ဝင်ခဲ့လိုက်သည် ။ သူတို့ကြည့်တဲ့ကားက သိပ္ပံဇာတ်လမ်းရုပ်ရှင်ဖြစ်တာကြောင့် ဘာစကားမှတောင်မပြောဖြစ်ပဲ စိတ်ပါဝင်စားစွာဖြင့် ကြည့်နေမိခဲ့သည် ။
" ဂျီမင်...."
" အင်း...."
ရုပ်ရှင်ကြည့်နေတုန်းမှာပဲ Jung Min က Jimin က်ုစကားလာပြောလေသည် ။
BINABASA MO ANG
Hate The Way You Love