( Unicode )
ခွဲစိတ်ခန်းရှေ့မှာ Jimin နဲ့ အမေနဲ့ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ရင်း စိတ်လှုပ်ရှားနေမိကြတယ် ။ အခုဆိုရင် ယွန်းဂီ ခွဲစိတ်ခန်းထဲဝင်သွားတာ နာရီအနည်းငယ်လောက်ကြာသွားပြီဖြစ်လေတယ် ။
" အမေ Yoongi အဆင်ပြေမှာပါနော်..."
" အဆင်ပြေမှာပါ သားရယ်..."
Jimin ကိုအားပေးနေရပေမယ့်လည်း သူမ ရင်ထဲမှာ ပူလောင်နေမိလေတယ် ။ ကျေးဇူးပြုပြီး သူမရဲ့သားလေး ဘာမှမဖြစ်စေဖို့အတွက် စိတ်ထဲကနေ ဆုတောင်းနေမိတယ် ။
ထို့အပြင် အင်္ကျီမှာ သွေးတွေရွှဲပြီးမျက်ရည်ဝဲနေသည့် Jimin ကိုလည်း ဖက်ပြီး နှစ်သိမ့်ပေးနေမိလေတယ် ။ ထိုအချိန်မှာပဲ Jimin ရဲ့အဖေနဲ့အမေ ရောက်လာခဲ့လေတယ် ။
" ဘယ်လိုဖြစ်တာလဲ သားရယ်...."
Jimin က သူ့အမေကို တွေ့သည်နှင့် ပြေးဖက်ကာ ငိုမိသွားလေတယ် ။
" သားရဲ့ အမှားတွေပါ အမေရယ်... သားရဲ့အမှားတွေကြောင့် Yoongi ဒီလိုဖြစ်ရတာ..."
ငိုသံတွေနဲ့ ဗလုံးဗထွေးပြေးနေတဲ့ သားဖြစ်သူရဲ့ကျောကို ပွတ်သတ်ပေးရင်းနဲ့ Yoongi အဆင်ပြေသွားစေဖို့ ဆုတောင်းနေမိလေတယ် ။
ခွဲခန်းထဲကနေ ဆရာဝန်ထွက်လာတဲ့နောက်မှာတော့ သူတို့အားလုံး ဆရာဝန်အနားကိုရောက်သွားရလေတယ် ။
" ဆရာ Yoongi ဘယ်လိုနေသေးလဲဟင်... အဆင်ပြေတယ်မလားဟင်..."
" ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်ခွဲစိတ်ပေးထားပါတယ်... ဒါပေမယ့် ဆေးရုံရောက်လာချိန်မှာ လူနာက သွေးထွက်လွန်ထားတာဆိုတော့ အခြေအနေတစ်ခုအထိတော့ စောင့်ကြည့်ရဦးမှာပါ..."
ဆရာဝန်ရဲ့စကားအဆုံးမှာ အားမရှိတော့စွာနဲ့ ယိုင်လဲသွားတဲ့ Yoongi ရဲ့အမေကို Jimin လှမ်းထိန်းပေးလိုက်တယ် ။
" အမေ စိတ်ထိန်းထားပါဦး... Yoongi ကပြန်အဆင်ပြေလာမှာပါ... Yoongi က အရမ်းသန်မာတဲ့သူလေ... သူ အမြန်ဆုံးပြန်ကောင်းလာမှာပါ..."
Yoongi ရဲ့အမေကိုနှစ်သိမ့်ပေးရင်းနဲ့ Jimin ကိုယ့်ကိုယ်ကိုယ် အားတင်းထားလိုက်မိတယ် ။ ဟုတ်တယ် Yoongi က အမြန်ဆုံးပြန်ကောင်းပြီး သတိရလာမှာပါ ဒါကို Jimin ယုံကြည်တယ် ။
ESTÁS LEYENDO
Hate The Way You Love