{ Unicode }
" ဟိုတစ်ပတ်က ဘယ်ကိုသွားတာလဲ Jimin...."
ထမင်းစားနေရင်းနဲ့မှ ရုတ်တရက် JungMin မေးလာတော့ Jimin မှာပြောရန်စကားတွေပျောက်ဆုံးနေခဲ့လေသည် ။
" သူငယ်ချင်းတွေနဲ့ ခရီးတိုလေးတစ်ခုသွားတာပါ...."
" သူငယ်ချင်းတွေ.... Jimin မှာသူငယ်ချင်းတွေရှိတာ ကိုယ်တောင်မသိလိုက်ရပါလား...."
ဟုတ်ပေသည် ။ တက္ကသိုလ်တက်ချိန်ကစပြီး အခုအချိန်အထိ Jimin ပေါင်းခဲ့သူဆိုလို့ JungMin ပဲရှိခဲ့တာလေ ။
" ကုမ္ပဏီကပါ... သိပ်အခင်ကြီးမဟုတ်လို့ မပြောတော့တာ...."
" ဒါဆိုလည်း ကိုယ့်ကို အကြောင်းကြားပါလား Jimin ရဲ့... ကိုယ်ဘယ်လောက်စိတ်ပူသွားတယ်ထင်လဲ...."
ထိုနေ့က Yoongi ဆီကိုသွားရန်သာစိတ်စောနေမိတာကြောင့် JungMin နဲ့ချိန်းထားတာကိုမေ့သွားခဲ့ပြီး လှမ်းလည်းမပြောဖြစ်ခဲ့မိပေ ။
" ဆောရီးပါကွာ... ငါလုံးဝမေ့သွားတာ စိတ်မဆိုးနဲ့တော့နော် ငါ မချော့တတ်ဘူး..."
ချစ်စရာကောင်းအောင်ရယ်ရင်း ပြောသည့် Jimin ကြောင့် JungMin ဆက်ပြောချင်သည့် စကားတွေကိုမြိုသိပ်လိုက်ရသည် ။ Jimin ဆီကချစ်တယ်ဆိုတဲ့စကားကို အခုအချိန်ထိမကြားခဲ့ရသော်လည်း JungMin စိတ်မပျက်ခဲ့ပေ ။
သို့သော် တစ်ခါတလေမှာတော့ Jimin ရဲ့အေးစက်တဲ့အပြုအမူတွေက သူ့ကိုအရေးမပါသလိုခံစားရစေသည် ။ ထိုသို့ခံစားရချိန်တိုင်း Jimin ကိုပေါက်ကွဲချင်ခဲ့မိပေမယ့် မလုပ်နိုင်ပဲ အရှုံးပဲပေးခဲ့ရလေသည် ။
" အင်းပါ စိတ်မဆိုးပါဘူး... ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ကိုယ့်ကိုပြောနော်...."
" စိတ်ချပါ...."
အရင်အပတ်က ကတိပေးထားတာပျက်စီးသွားခဲ့ရတာကြောင့် ဒီတစ်ပတ်တော့ JungMin ကိုအချိန်ပြန်ပေးဖြစ်လေသည် ။ သို့သော်လည်း JungMin နဲ့အတူရှိနေရပေမယ့် Jimin ရဲ့စိတ်က Yoongi ဆီပဲရောက်နေခဲ့လေသည် ။
သူရယ် Jungkook နဲ့ Taehyung ရယ် အလှည့်ကျဆီ Yoongi ဆီသွားရန်စိတ်ကူးထားကြသည် ။ ဆိုးလ်ကိုပြန်လာရန် နားချရင်းနဲ့ Yoongi အနားမှာ သူတို့ရှိတယ်ဆိုတာ ကိုသိပြီး စိတ်အားတက်စေရန်လည်းဖြစ်လေသည် ။
CZYTASZ
Hate The Way You Love