Unicode
ယခု ချန်းဖေ့တစ်ယောက် စာသင်ခန်းထဲတွင် စာကိုစိတ်ပါဝင်စားစွာ လိုက်နားထောင်နေသည် သူများတွေအမြင်မှာပေါ့။ တကယ်ကတော့ ချန်းဖေ့ အတော်လေးကိုပျင်းနေတာပါ။ စိတ်ထဲမှလဲ ပိုင်ပိုင်ကိုပလုံဆီအောင်ဆဲနေလေသည် ဘာလို့ဆို စာမသင်ချင်လို့....
' အားရား မူလကိုယ်ကဘာလို့အဲ့လောက်တောင်စာကြိုးစားရတာလဲ စာမသင်ချင်ဘူး ဝူးဝူး အတန်ပြေးရမယ် အဟိ '
[ host မရဘူးနော် OOC ပါ ]
' ချီးကိုပဲ '
ဘာလိုလိုနဲ့ ချန်းဖေ့ ဒီကမ္ဘာကိုရောက်တာ တ၀်လပြည့်ပြီ။ ထိုတစ်လအတွင်း ဖေးရမ်အာရဲ့ လုပ်ကွံမှုတွေက ချင်းရွဲ့ကို ကာကွယ်ပေးနေရတာ တော်တော်မလွယ်ပေ။ ထန်မော့ရှင်းနဲ့ သူကတော့ ခွေးနဲ့ကြောင်လို မျက်နှာချင်းဆိုင်တွေ့တာနဲ့ စကားနိုင်လုရသည်မှာ အခါခါ။ စေ့စပ်ပြီးနောက်တစ်ရက်မှာ သူ့ကိုမစောင့်ပဲ ကျောင်းသွားလို့ဆိုကာ ပါးကိုတိုင်ပြောလို့ သူ့(ချန်းဖေ့) မှာ အဆူခံလိုက်ရသည်။ အခု ဆိုရင်တော့ ချန်းဖေ့ဘယ်သွားသွား ထန်မော့ရှင်းကိုခေါ်ရသည်။ တစ်ခါတစ်လေ ထန်မော့ရှင်းခေါ်ရာလိုက်သွားရပြန်သည်။ တစ်နေ့ ကျောင်းမှာ ကျောင်းသားတွေစုပြီး ခရီးတိုလေး နှစ်ရက်ထွက်ကြသည်။ ထိုခရီးတွင် သူမလိုက်ရ အကြောင်းကတော့ ထန်မော့ရှင်းကြောင့်ပင်။ ခရီးကိုသူ( ထန်မော့ရှင်း )မလိုက်ရတာကြောင့် သူ(ချန်းဖေ့) ပါမလိုက်ရပေ......
Mission တွေကတော့ ပြီးသင့်သလောက်ပြီးနေပြီမလို့ ကမ္ဘာကထွက်ဖို့လဲနီးလာပါပြီ။ ဇာတ်လိုက်မအကြောင်းဖော်ထုတ်နိုင်ရင် သူ(ချန်းဖေ့)၏ mission တွေအကုန်ပြီးပြီး။ ဪ မေ့လို့ ဝမ်ရှောင်လုနဲ့ကုချင်းရွဲ့ကတော့ ကျောင်းခရီးထွက်တဲ့ အချိန်တိုလေးအတွင်းမှာ တွဲဖြစ်သွားသည်တဲ့။ ဇာတ်လိုင်မကတော့ ငြိမ်ချက်သားကောင်းနေသည် သေချာပေါက်မကောင်းတဲ့အကြံထုတ်နေတာပဲဖြစ်မယ် ။
[ host အရေးပေါ် အရေးပေါ် ]
ချန်းဖေ့ တွေးလို့မှမဆုံးသေး ပိုင်ပိုင်ဆီမှ အချက်ပြသံပေါ်လာသည်။' ဟမ် ဘာဖြစ်တာလဲ '
[ ဇာတ်လိုက်မက ကုချင်းရွဲ့ကို အရှက်ခွဲဖို့ကြဲနေတယ် ]
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )